ဖြူထိုင်းပါတီခေါင်းဆောင်ဟောင်းဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင် ထိုင်းအစိုးရအဖွဲ့အသစ်ရဲ့ အကြံပေးဖြစ်လာဖွယ်ရှိနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၂
ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါက ထိုင်းအစိုးရအဖွဲ့အသစ်မှာ ထိပ်တန်းအကြံပေးဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ပြောကြားလိုက်ပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ဖြူထိုင်းပါတီတည်ထောင်သူဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရဲ့ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ဖြူထိုင်းပါတီ ကိုယ်စားပြုယှဉ်ပြိုင်ကာ ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့သူဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က "သက်ဆင်က အရည်အချင်းရှိသူဖြစ်တယ်။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေအတွက် သက်ဆင်ရဲ့အရည်အချင်းတွေကို ထပ်ပေါင်းထည့်ရမယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံရေး သမိုင်းမှာ လူကြိုက်အများဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူပါ။ သက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လွတ်မြောက်ချိန်မှာ အစိုးရအဖွဲ့အကြံပေးအဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းမှာပါ" လို့ ပြောပါတယ်။
သက်ဆင်ဟာ လက်ရှိအချိန်မှာ အကျင့်ပျက်လာဘ်စားမှုတွေကြောင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိ သက်ဆင်ဟာ ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းခံရပြီးနောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများရှိခဲ့တယ်လို့ စွပ်စွဲခံရတဲ့အတွက် ပြည်ပကိုထွက်ပြေးခဲ့ပြီး ၂ဝ၂၃ ခုနှစ် သြဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာကာ ပြစ်ဒဏ်ခံယူခဲ့သူဖြစ်ပါတယ်။
ထိုင်းတရားရုံးချုပ်က သက်ဆင်ကို စွဲချက်များနဲ့ပတ်သက်ပြီး ထောင်ဒဏ် ၈ နှစ် အမိန့်ချမှတ်ခဲ့ပေမယ့် ထိုင်းဘုရင် က သက်ဆင်ရဲ့ပြစ်ဒဏ်ကို ၁ နှစ်သာကျခံဖို့ လျော့ပေါ့ပေးထားပါတယ်။ သက်ဆင်ဟာ ထိုင်းအကျဉ်းထောင်မှာ နေထိုင်တဲ့ ပထမဆုံးရက်မှာလည်း ကျန်းမာရေးမကေင်းခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ဆေးရုံကို တင်ပို့ကုသနေရသူဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားနေကြောင်း နစကဝန်ကြီး အသိပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း