ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့စစ်လက်နက်အစီအစဉ်များကို ပိုမိုကောင်းမွန်အောင်ကူညီပေးမယ်ဆိုရင် တိုက်ရိုက်ရန်စမှုအဖြစ် ရှုမြင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ သတိပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၂၁
ရုရှားနိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့စစ်လက်နက်အစီအစဉ်များကို ပိုမိုကောင်းမွန်အောင် ကူညီထောက်ပံ့ပေးမယ်ဆိုရင် အဲဒီလုပ်ရပ်အပေါ် တိုက်ရိုက်ရန်စမှုအဖြစ် မှတ်ယူသွားမှာဖြစ်ကြောင်း၊ တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင် အပါအဝင် ရုရှားအစိုးရတာဝန်ရှိသူများနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားသမ္မတက "မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား စစ်လက်နက်အစီအစဉ်တွေနဲ့ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်မယ့်စာချုပ်တွေ ချုပ်ဆိုမယ်ရင် ယူကရိန်းရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို ခြိမ်းခြောက်ရုံသာမက တောင်ကိုရီးယားကိုလည်း ခြိမ်းခြောက်နေတာမျိုးဖြစ်တယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက "ရုရှားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကို ယုံကြည်မှုမရှိသလိုမျိုး လုပ်ဆောင်နေတယ်။ ရုရှားဟာအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်တာမျိုးတွေ လုပ်နေတဲ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်တွေကို ချိုးဖောက်နေတဲ့ နိုင်ငံထံကနေ စစ်လက်နက်ပစ္စည်းများ လက်ခံရယူနေတယ်" လို့ ပြောပါတယ်။
ကုသလမဂ္ဂလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ဖို့ လိုအပ်နေကြာင်း တောင်ကိုရီးယားသမ္မတက ပြောပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ရုရှားနိုင်ငံကို သွားရောက်ခဲ့ရာ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံများကြား စိုးရိမ်မှုမြင့်တက်စေခဲ့ကြောင်း သိရပါတယ်။
မြောက်ကိုရီးယားဟာ လက်ရှိအချိန်မှာ ကိုရီးယားကျွန်းဆွယ်အတွင်း တောင်ကိုရီးယား၊ အမေရိကန်နိုင်ငံတို့နဲ့ ဆက်ဆံရေးတင်းမာမှုတွေ ဖြစ်ပွားလျက်ရှိနေကာ ဒုံးကျည်စမ်းသပ်မှုတွေမကြာခဏ လုပ်ဆောင်လျက်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
UNSC အစည်းအဝေးသို့ ဇီလင်စကီး ကိုယ်တိုင်တက်ရောက်လာခြင်းအား မော်စကို ကန့်ကွက်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း