ပြည်မြို့တွင် ဆယ်ကျော်သက်အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွား
သန့်ဇင် (NSS) - စက်တင်ဘာ ၁၇
ပဲခူးတိုင်း၊ ပြည်မြို့တွင် လူငယ်အမျိုးသားတစ်ဦး နေအိမ်အတွင်း မိမိကိုယ်ကို ကြိုးဆွဲချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၁၇ ရက်)၊ နေ့လည်ပိုင်းအချိန်တွင် ပြည်မြို့၊ နဝင်းနယ် မြေ၊ အေးမြသာယာရပ်ကွက်၊ ဝါရုံအပိုင်း(၃)ရှိ နေအိမ်တွင်ဖြစ်ပွားခဲ့ကြောင်း ခေတ္တရာလူငယ်များ လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူ့အိမ်ထဲမှာပဲ ဖြစ်သွားတာပါ။ သူကအဖေမရှိတော့ဘူး။ အမေအိုကြီးနဲ့နေတာပေါ့။ ဘာကြောင့်လုပ်လဲတော့ ကျွန်တော်တို့လဲ သေချာမသိပါဘူး”ဟု ခေတ္တရာလူငယ်များလူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါကြိုးဆွဲချသေဆုံးသူအမျိုးသားသည် အသက်(၁၇)နှစ်ဝန်းကျင်ဖြစ်ပြီး မိခင်အိုကြီးနှင့် အတူနေထိုင်သူဖြစ်ကာ နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူအမျိုးသားအား ခေတ္တရာလူငယ်များ လူမှုကူညီရေးအသင်းမှ ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်ပ၀ယ်လိုအားများနေသော်လည်း ပြည်တွင်းကော်ဖီစေ့လက်ကျန်နည်းနေသဖြင့် ပြည်ပသို့တင်ပို့နိုင်ခြင်းမရှိဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ