ငွေကျပ်သိန်း (၆ဝဝဝ)ကျော်တန်ဖိုးရှိ Happy Water များ တာချီလိတ်တွင် ဖမ်းဆီးရမိ
Pearl (NSS) - စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်း (၆ဝဝဝ)ကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိခဲ့ ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်)၊ နေ့လည် (၂)နာရီ အချိန်ခန့်တွင် တာချီလိတ်မြို့နယ်၊ မယ်ယန်းကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် အဆိုပါကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေး ရှာဖွေစဉ် ခင်မောင်သိန်း မောင်းနှင်ပြီး မအီနွန်း၊ အိုက်တစ် နှင့် အိုက်လွတ် တို့ လိုက်ပါလာသည့် TOYOTA CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။
ထိုသို့ရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၅.၅၄ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၀၉၄ သိန်း)၊ အက်တက်စီဆေးပြား ၂ဝဝဝ ပြား (ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် သိန်း ၈ဝဝ) နှင့် လက်ကိုင်ဖုန်း (၄) လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ခင်မောင်သိန်း(၅၂)နှစ်၊ မအီနွန်း(၃၂)နှစ်၊ အိုက်တစ်(၂၈)နှစ် နှင့် အိုက်လွတ်(၂၄)နှစ်တို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၇) ရက်တွင် ရန်ကုန်သို့ တင်ပို့မည့် ငွေကျပ်သိန်း(၆ဝဝဝ)နီးပါး တန်ဖိုးရှိ Happy Water များကို တာချီလိတ်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းဘက်ခြမ်းကို မြန်မာစစ်သားတွေ ဝင်ရောက်လာခြင်းနဲ့ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုများအပေါ် ထိုင်းကာကွယ်ရေးဝန်ကြီးအသစ် တုံ့ပြန်
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ