မီးသတ်ကားဖြင့် ကြိတ်မိရာမှ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှု မန္တလေး၌ဖြစ်ပွား
Pearl (NSS) - စက်တင်ဘာ ၁၄
မန္တလေး၌ မီးသတ်ကားဖြင့် ကြိတ်မိရာမှ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှသတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၃ရက်)၊ ည(၇)နာရီ အချိန်ခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၇ လမ်းနှင့် ၃၁လမ်းထောင့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းထောင့်ရှိ အရန်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးသည် မီးသတ်ကားဖြင့် စခန်းအပြင်သို့ မောင်းနှင်လာစဉ် ကလေးငယ်တစ်ဦးအား ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"၇၇ နဲ့ ၃၁ ထောင့်မှာ ဖြစ်တာ။ ဘယ်လိုဖြစ်ပြီးကြိတ်မိလဲ မသိရဘူး။ ကလေးက အဲဒီနားမှာ ဆော့နေတာ ကားကြိတ်တယ်လိုပဲ သိရတယ်"ဟု ဒေသခံတစ်ဦးက NSS ကို ပြောသည်။
ဖြစ်စဉ်ကြောင့် အဆိုပါ ကလေးငယ်၏ နောက်ကျော နှင့် ဝမ်းဗိုက်တို့တွင် ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ပြီး ၎င်းအား ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာပြဿနာဖြေရှင်းရေးအတွက် ASEAN ရဲ့ Troika အစီစဉ် အောင်မြင်နိုင်ပါ့မလား...?
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ