ဗြိတိန်ကုမ္ပဏီထံမှ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး သင်္ဘောကို အမေရိကန်ဒေါ်လာသန်း(၁၀၀)ဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း အင်ဒိုနီးရှားစစ်ဘက်ပြော
Pika (NSS) - စက်တင်ဘာ ၁၄
ဗြိတိန်ကုမ္ပဏီတစ်ခုထံမှ ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေး သင်္ဘောတစ်စင်းကို အမေရိကန်ဒေါ်လာသန်း(၁၀၀) ဖြင့်ဝယ်ယူရန် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာနက စက် တင်ဘာလ(၁၃)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားကာကွယ်ရေးဝန်ကြီးဌာန၏ မိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်သော PT BTI Indo Tekno နှင့် ဗြိတိန်၏ ရေငုပ် သင်္ဘောထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သော် Houlder တို့သည် လန်ဒန်မြို့တွင် ကျင်းပသော ကာကွယ်ရေးကုန်စည်ပြပွဲအပြီးတွင် အဆိုပါ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အင်ဒိုနီးရှားအစိုးရသည် စစ်တပ်ကို ပိုမိုအားကောင်းစေရန်အတွက် အမေရိကန်ဒေါ်လာ(၈ ဒသမ ၁)ဘီလျံတန်ဖိုးရှိ Dassault Rafale တိုက်လေယာဉ်(၄၂)စင်း၊ Turkish Aerospace ကုမ္ပဏီမှ အမေရိကန်ဒေါ်လာသန်း(၃၀၀) တန်ဖိုးရှိ ဒရုန်းအသစ်(၁၂)စင်း နှင့် အမေရိကန်ဒေါ်လာသန်း(၈၀၀)တန်ဖိုးရှိ Mirage 2000-5 တိုက်လေယာဉ် ၁၂ စင်းတို့ကို ဝယ်ယူထားကြောင်းလည်း သိရသည်။ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုသည် ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးအေဂျင်စီများ၏ အသုံးစရိတ်များနှင့်ပတ်သက်ပြီး သတိပေးပြောဆိုခဲ့ကာ နိုင်ငံတော် ဘတ် ဂျက်ကို အကောင်းဆုံးထိန်းသိမ်းထားရန် ၎င်း၏အစိုးရအဖွဲ့ကို တိုက်တွန်းခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ် ကာကွယ်ရေးဘတ်ဂျက်အတွက် ရူပီယာ(၁၃၄ ဒသမ ၃)ထီလျံ လျာထားခဲ့ပြီး နိုင်ငံ တော်ဘတ်ဂျက်၏ အကြီးမားဆုံးခွဲဝေချထားပေးမှုတစ်ခု ဖြစ်ကြောင်းလည်းသိရသည်။ ဗြိတိန်ထုတ် ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးသင်္ဘောသည် လျင်မြန်သော ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒီဇိုင်းထုတ်ထားပြီး လူ(၅၀) ခန့် လိုက်ပါနိုင်သလို လေယာဉ်ဖြင့်လည်း သယ်ယူနိုင်ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်တွင် အင်ဒိုနီးရှားသည် Bali ပင်လယ်တွင် တော်ပီဒိုလေ့ကျင့်မှုတစ်ခုလုပ်ဆောင်မှုအတွင်း ၎င်း၏ရေငုပ်သင်္ဘောငါးစင်းအနက်မှ တစ်စင်းနစ်မြုပ်ခဲ့ပြီး သင်္ဘောသား(၅၃)ဦးသေဆုံးပြီးနောက် ရေငုပ်သင်္ဘော ရှာဖွေကယ်ဆယ်ရေးသင်္ဘောကို ဝယ်ယူရန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီးသတ်ကားဖြင့် ကြိတ်မိရာမှ အသက်(၇)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးမှု မန္တလေး၌ဖြစ်ပွား
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း