မိုင်းဖြတ်မြို့နယ်၌ ဆိုင်ကယ်မှကားအားဝင်တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းနှင်းသူ ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်၊ မိုင်းဖြတ်မြို့နယ်၌ ဆိုင်ကယ်မှ ကားအားမျက်မှာချင်းဆိုင်ဝင်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (စက်တင်ဘာလ ၁၃ရက်)၊ နံနက် ၁၁နာရီခွဲအချိန်တွင် မိုင်းဖြတ်မြို့နယ်၊ ဆိုင်းလေရွာနှင့် ဆွတ်ပလောင်ရွာအကြားရှိ ကားလမ်းပေါ်တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်က တာချီလိတ်ကနေ ကျိုင်းတုံကိုအပြန်မှာပေါ့။ အဲဒီမှာ ကျိုင်းတုံကနေ တာချီလိတ်ကိုပြန်လာတဲ့ကားကို သွားဝင်တိုက်မိတာပေါ့” ဟု မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသည့် ကျိုင်းတုံမြို့နယ်နေ အသက်(၄၅)နှစ်အရွယ် အားဂျွန်သည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ပြီး ၎င်းနောက်မှ လိုက်ပါလာသည် ဒေါ်မီးနောင်(၆၁)နှစ်တွင် ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့လူကတော့ ပွဲချင်းပြီးဆုံးသွားတာပါ။ အခြားထိခိုက်တဲ့လူတော့မရှိပါဘူး။ ဆိုင်ကယ်နောက်ကထိုင်လိုက်လာတဲ့ အမျိုးသမီးကတော့ နည်းနည်းသွေးလန့်သွားရုံလောက်ပါ”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့နောက် သေဆုံးသူအမျိုးသားနှင့် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား မိုင်းဖြတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံတကာဈေးကွက်၌ အရေးပါသော ပို့ကုန်အဖြစ် နေရာယူထားသည့် မက္ကဒေးမီးယားကို ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရန်လိုဟုဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ