ပြင်သစ်နိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ချေးငွေအပြင် ဂြိုလ်တုနည်းပညာများ ထောက်ပံ့ပေးမည်
Pika (NSS) - စက်တင်ဘာ ၁၃
ပြင်သစ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြာားဆက်ဆံရေးကို ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ပြင်သစ်သမ္မတမက်ခရွန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ပြင်သစ်သမ္မတမက်ခရွန်သည် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ချေးငွေများ ထုတ်ပေးမည့်အစီအစဉ်နှင့် ကမ္ဘာမြေကြီးကို လေ့လာကြည့်ရှုနိုင်ရန်အတွက် ဂြိုလ်တုစနစ် တစ်ခု ထောက်ပံ့ပေးမည့်အစီအစဉ်တို့ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။
မက်ခရွန်သည် စက်တင်ဘာလ(၁၁)ရက်တွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား အပြန်အလှန်ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်၏ စီးပွားရေး ဆက်ဆံရေးဌာနခွဲသည် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နှင့် အဆိုပါသဘောတူညီချက်များကို လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါသဘောတူညီချက်ထဲတွင် Bangladesh Satellite Company Limited (BSCL) နှင့် ပြင်သစ်၏ Airbus Defence and Space SAS ကြား ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကာ ကမ္ဘာမြေကြီးကို ကြည့်ရှုလေ့လာရန် အတွက် ဘင်္ဂလာားဒေ့ရှ်နိုင်ငံအား ဂြိလ်တုစနစ်တစ်ခုပေးအပ်မည့် အစီအစဉ်လည်း ပါဝင်ကြောင်း သိရသည်။
ပြင်သစ်သမ္မတမက်ခရွန် နှင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာတို့သည် ဝန်ကြီးချုပ်ရုံးတွင် အဆိုပါ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘောတူညီချက်များနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို လက်ရှိအချိန်ထိ ရှင်းရှင်း လင်းလင်းမသိရှိရသေးကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ပြောကြားခဲ့သည်။ Bangladesh Satellite Company Limited ဥက္ကဋ္ဌ Shahjahan Mahmud က "ကျွန်တော်တို့ ဝယ်ယူမယ့်ဂြိုလ်တုဟာ ကမ္ဘာမြေပြင် အထက် မိုင်(၃၅ဝ)အကွာမှာရှိတဲ့ ပတ်လမ်းကြောင်းမှာ ပျံသန်းနေမှာပါ။ ဒီဂြိုလ်တုကို ကျွန်တော်တို့ရဲ့ ကောက်ပဲ သီးနှံတွေနဲ့ ပင်လယ်ရေမျက်နှာပြင်အခြေအနေတွေကို စောင့်ကြည့်ဖို့အတွက် အဓိကထား အသုံးပြုသွားမှာပါ။ လက်ရှိအချိန်အထိ ကျွန်တော်တို့မှာ ပင်လယ်ရေပြင်တစ်လျှောက်ကို စောင့်ကြည့်နိုင်တာမျိုး မရှိသေးပါဘူး" ဟု ပြောခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ ပထမဆုံး ပထဝီဝင်ဆက်သွယ်ရေးနှင့် အသံလွှင့်ဂြိုဟ်တုကို ပြင်သစ်ထံမှ ဝယ်ယူခဲ့ ပြီး Bangabandhu Satellite-1 ဟု အမည်ပေးကာ ၂ဝ၁၈ ခုနှစ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အရှေ့တောင်အာရှနိုင်ငံများနှင့် ပေကျင်းတို့အကြား တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုဖြင့် တင်းမာနေခိုက် ဗီယက်နမ်-အမေရိကန် ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး သဘောတူညီ
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ