Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အရှေ့တောင်အာရှနိုင်ငံများနှင့် ပေကျင်းတို့အကြား တောင်တရုတ်ပင်လယ်အရေး အငြင်းပွားမှုဖြင့် တင်းမာနေခိုက် ဗီယက်နမ်-အမေရိကန် ဘက်စုံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး သဘောတူညီ

Htay Oung (NSS) - စက်တင်ဘာ ၁၂ 

ဟနွိုင်းမြို့တော်ကို ၂၄ နာရီကြာ လာရောက်လည်ပတ်တဲ့ သမ္မတဂျိုးဘိုင်ဒင်ဟာ အမေရိကန်နဲ့ ဗီယက်နမ်တို့ အကြား “ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း၊ တစ်ချိန် က ရန်ဘက်ဖြစ်ခဲ့ဖူးသူ ဝါရှင်တန်နဲ့ ဟနွိုင်းတို့ဟာ ဗီယက်နမ်စစ်ပွဲအပြီး ဆယ်စုနှစ် နှစ်ခုအကြာ ၁၉၉၅ ခုနှစ် ရောက်မှသာ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ကြကြောင်း၊ အဲဒီအချိန်မှစပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုဟာ တဖြည်းဖြည်း တိုးတက်လာပြီး ယခုအခါ တစ်နှစ်လျှင် ဒေါ်လာ ၁၃၈ ဘီလျံအထိ ဖြစ်လာခဲ့တယ် လို့ ဂျာမန် “ဒွိုက်_ဝယ်လီ“ သတင်းအေဂျင်စီ DW က ယမန်နေ့ ရေးသားခဲ့ပါတယ်။

အဆင့်မြှင့်တင်ထားတဲ့ဆက်ဆံရေးဟာ ဗီယက်နမ်အတွက် ထူးခြားနေပါတယ်။ အမေရိကန်အတွက်ကတော့ ဗီယက်နမ်ဟာ အရွယ်ပမာဏအားဖြင့် သေးငယ်တယ်ဆိုပေမယ့် တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ တောင်ကိုရီးယားတို့ ပါဝင်နေတဲ့ (အာရှ)မဟာဗျူဟာမိတ်ဖက်စာရင်းမှာ  ထည့်သွင်းမှာဖြစ်ပါတယ်။


သမ္မတဂျိုးဘိုင်ဒင် လာရောက်လည်ပတ်ခြင်းအားဖြင့်  ဗီယက်နမ်မှ မိတ်ဖက်သစ်များနဲ့ စီးပွားရေးဆိုင်ရာ သဘောတူညီချက်သစ်များကို လှုံ့ဆော်ပေးရာ ရောက်ရှိတယ်လို့ “ယိုကိုဆူကာကောင်စီ_အာရှပစိဖိတ်ရေးရာ ဌာန” မှ သုတေသီ “ဟိုင်-ငုယင်” က မှတ်ချက်ပေးပါတယ်။

ထိုင်ဝမ်အရေး တင်းမာမှုအပေါ် စိုးရိမ်မှုများကို အရင်းအနှီးအဖြစ် အသုံးချလိုက်တဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီဟာ ဆီမီးကွန်ဒတ်တာ စက်မှုလုပ်ငန်းမျိုးလို နည်းပညာရင်းနှီးမြုပ်နှံမှုများကို (ကြိုဆိုခြင်းဖြင့်) အရှေ့တောင်အာရှနိုင်ငံ ရဲ့စီးပွားရေးကို တွန်းအားအရှိန်မြင့်တင်လိုကြောင်း ပြသနေတယ်လို့ ဆိုပါတယ်။ ဒီအတွက်  မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုဟာ အမေရိကန်စားသုံးသူ ဈေးကွက်များအတွင်း ဝင်ရောက်နိုင်မှုကို ဗီယက်နမ်က ဆက်လက် ထိန်းသိမ်းထားနိုင်စရာဖြစ်လာတယ်လို့ သုံးသပ်ပါတယ်။


ဟနွိုင်းနဲ့ ဝါရှင်တန်တို့ဆက်ဆံရေး အားကောင်းလာခြင်းဟာ တရုတ်သြဇာကြီးထွားလာမှုကို တန်ပြန်ရေး အမေရိကန်ကမ်ပိန်းရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် လူအများက မြင်ကြပါတယ်။

ဒါပေမယ့် ဗီယက်နမ်နဲ့ သဘောတူညီချက်ဟာ တရုတ်ကို ချုပ်ကိုင်ဖို့ ရည်ရွယ်ခြင်း မဟုတ်ပဲ အင်ဒို-ပစိဖိတ်ဒေသ တည်ငြိမ်မှုကို ဖန်တီးရန်သာဖြစ်တယ်ိလို့ သမ္မတဘိုင်ဒင်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

အမေရိကန်ဟာ သြစတြေးလျ၊ အိန္ဒိယနဲ့ ဂျပန်တို့ ပါဝင်တဲ့ “လေးနိုင်ငံ လုံခြုံရေး အပြန်အလှန်ဆွေးနွေးမှု“ (QSD) သို့မဟုတ် “ကွာ့ဒ်“ အဖွဲ့ဝင်နိုင်ငံများနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးကို အဓိက အာရုံစိုက်နေကြောင်း နယူးယောက် “ယူရေးရှား” ပထဝီနိုင်ငံရေး အတိုင်ပင်ခံကုမ္ပဏီမှ အကြီးတန်း ဆန်းစစ်သူတစ်ဦးက ပြောပါတယ်။

ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဒေသတွင်းတစ်ခုလုံးမှာ ရင်းနှီးမြုပ်နှံထားကြောင်း သက်သေပြဖို့အတွက်၊ ယေဘုယျ အားဖြင့် တရုတ်နဲ့ ဗျူဟာမြောက်ယှဉ်ပြိုင်မှု ပိုမိုပြင်းထန်တဲ့ အာဆီယံအဖွဲ့ဝင်တွေနဲ့ဆက်ဆံရေးကို မြှင့်တင်ဖို့ အပြိုင်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ 

အမေရိကန်သမ္မတရဲ့ဟနွိုင်းခရီးစဉ်ဟာ ပေကျင်းနဲ့ ဗီယက်နမ် အပါအ၀င် အင်ဒို-ပစိဖိတ်နိုင်ငံများအကြား တောင် တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများ ဖြစ်ပွားနေချိန်ဖြစ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဥပမာအားဖြင့် မနီလာနဲ့ ပေကျင်းတို့အကြား တင်းမာမှုများ တိုးမြင့်လာခြင်းနဲ့အတူ ဖိလစ်ပိုင် ထောက်ပံ့ရေး သင်္ဘောများနဲ့ တရုတ်ကမ်းခြေစောင့်တပ်တို့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ မြင်တွေ့နေရပါတယ်။  ရေကြောင်း လုံခြုံရေးကိုမြှင့်တင်တဲ့အနေနဲ့ ဖိလစ်ပိုင်ဟာ အမေရိကန်နဲ့ စစ်ရေးဆက်ဆံမှုကို အခိုင်အမာ တည်ဆောက်လာပါ တယ်။

လန်ဒန်အခြေစိုက် “ချတ်သမ်ဟောက်စ်” မှ အာရှ-ပစိဖိတ်ရေးရာ ပရိုဂရမ်နဲ့ တွဲဘက်ထောက်ပံ့ကြေးစား တစ်ဦး ကတော့ ဟနွိုင်းအနေနဲ့ သူ့ရဲ့ကိုယ်ပိုင်အကျိုးအမြတ်အတွက် ဗျူဟာမြောက်လုပ်ဆောင်နေခြင်းသာဖြစ်ပြီး ပေကျင်း နဲ့ တင်းမာမှုများမှာ အမေရိကန်ဘက်ကို မလိုက်ဘဲ ရှိနေတယ်လို့ ရှုမြင်ပါတယ်။

အမေရိကန်မှာ ရောက်ရှိနေသူ တော်တော်များများက ဗီယက်နမ်အနေနဲ့ တရုတ်နဲ့ပြိုင်ပွဲမှာ ဝါရှင်တန်ကို မိတ်ဖက် အဖြစ် (ရွေးချယ်မယ်လို့) တွေးထင်နေကြကြောင်း၊ ဒါပေမယ့် ဗီယက်နမ်ဟာ အဲဒီလိုအခန်းကဏ္ဍမှာ ပါဝင်ဖို့ ရည်ရွယ်ချက်မရှိကြောင်း၊ အမေရိကန်ရော တရုတ်ကိုပါ နှစ်နိုင်ငံစလုံးကို ဆက်ဆံရေးကိစ္စနဲ့ပတ်သက်ပြီး သူ့ရဲ့ အလောင်းအစားများကို နှစ်ဖက်ခွထားတယ်လို့ သုံးသပ်ပါတယ်။

တရုတ်နဲ့ရော အမေရိကန်နဲ့ပါ သာတူညီမျှမှုကို ဆက်လက်ထိန်းသိမ်းထားရာမှာ နှစ်ဖက်စလုံးနဲ့ မိတ်ဖက်ဆက်ဆံမှု ကနေ အကျိုးကျေးဇူးတွေရရှိဖို့နဲ့ ဘက်မလိုက်ခြင်းအားဖြင့်ရှောင်ရှားဖို့ ဗီယက်နမ်က ဆန္ဒရှိနေတယ်လို့ ပညာရှင် အားလုံးက မှတ်ချက်ပေးပါတယ်။

ဗီယက်နမ်-အမေရိကန်ဆက်ဆံရေးဟာ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်ကို မြှင့်တင်လိုက် တယ်ဆိုပေမယ့် ဒီအကြောင်းကို တရုတ်အစိုးရပိုင် မီဒီယာသည် အထူးအလေးပေးဖော်ပြခဲ့ကြောင်း၊ ဗီယက်နမ်နဲ့ တရုတ်တို့အကြား ကွန်မြူနစ်ပါတီချင်း ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက မလုံလောက်ဘဲ ဖြစ်သွားတယ်လို့ ဆိုကြပါတယ်။

#အမေရိကန်_ဗီယက်နမ်_ဘက်စုံမဟာဗျူဟာမြောက်_မိတ်ဖက်ဆက်ဆံရေး #သမ္မတ_ဂျိုးဘိုင်ဒင်

#အင်္ဂလိပ်_မြန်မာစစ်ပွဲ #ထိုင်း_မြန်မာစစ်ပွဲ 

(DW., 11 Sepermber 2023,” Vietnam-US ties enter new phase after Biden visit” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ စက်တင်ဘာလ ၁၂ ရက်အတွင်းဖြစ်ပွားခဲ့သော မြန်မာ့ရေးရာများနဲ့ နိုင်ငံတကာက သတင်းထူးများ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved