သစ္စာဖောက်လို့ စွပ်စွဲဝေဖန်နေသူများကို ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် တုံ့ပြန်ဝေဖန်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၂
ရုရှားရေတပ်တပ်ဖွဲ့တွေကို တိုက်ခိုက်နိုင်အောင် ယူကရိန်းကို ကူညီပေးဖို့ ငြင်းဆန်ခဲ့ခြင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုများကို ကမ္ဘာကျော်ဘီလျံနာတစ်ဦးဖြစ်တဲ့ အီလွန်မတ်က တုံ့ပြန်ဝေဖန်လိုက်ကြောင်း သိရပါတယ်။
အီလွန်မတ်က ၎င်းဟာ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်တဲ့အတွက် ယူကရိန်းအတွက် တိုက်ခိုက်ပေးဖို့ တာဝန်မရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပင်လယ်နက်အတွင်းရှိ ရုရှားရေတပ်တပ်ဖွဲ့ဝင်တွေကို ဒရုန်းများနဲ့တိုက်ခိုက်နိုင်အောင် ယူကရိန်းတပ်ဖွဲ့တွေကို Starlink satellite ဂြိုလ်တု သုံးစွဲခွင့်မပေးဖို့ အီလွန်မတ်ဟာ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ခဲ့ဖူးကြောင်း သိရပါတယ်။
အီလွန်မတ်ရဲ့ဆုံးဖြတ်ချက်များအပေါ် ယူကရိန်းအစိုးရတာဝန်ရှိသူများ အပြင် အမေရိကန် မီဒီယာတွေကလည်း ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ အမေရိကန်မီဒီယာတွေက အီလွန်မတ်ရဲ့ဆုံးဖြတ်ချက်တွေဟာ သစ္စာဖောက်တဲ့လုပ်ရပ်မျိုးဖြစ်ကြောင်း ဝေဖန်ခဲ့သလို ယူကရိန်းသမ္မတရဲ့အကြံပေးတစ်ဦးဖြစ်သူကလည်း အီလွန်မတ်ဟာ မကောင်းမှုတွေ၊ ဆိုးရွားမှုတွေကို ကျူးလွန်ခဲ့တာမျိုးဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် အီလွန်မတ်က "ကျွန်တော်ဟာ အမေရိကန်နိုင်ငံသားဖြစ်တယ်။ အမေရိကန် ပတ်စပိုစ့်ကို ကိုင်ဆောင်ထားတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်ဟာ အမေရိကန်နိုင်ငံအတွက် တိုက်ခိုက်မယ်။ အမေရိကန်နိုင်ငံ အတွက်သာ အသေခံမယ်။ အမေရိကန်လွှတ်တော်ဟာ ရုရှားနိုင်ငံကို စစ်ကြေညာထားတာမျိုးလည်း မရှိဘူး။ ကျွန်တော့်ကို ဝေဖန်ပြစ်တင်နေသူတွေကို ဒီအချက်လေးတော့ ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ယူကရိန်းနဲ့ ရှရှားတို့ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အီလွန်မတ်ဟာ ယူကရိန်းပြည်သူများကို အင်တာနက် လက်ခံရရှိနိုင်အောင် နဲ့ ဆက်သွယ်ရေးပိုမိုကောင်းမွန်စေဖို့ ရည်ရွယ်ပြီး Starlink terminals ၂ဝဝဝဝ ကျော် အခမဲ့သုံးစွဲဖို့ ခွင့်ပြုပေးခဲ့ ကြောင်း သိရပါတယ်။
ဒါပေမယ့် ယူကရိန်းအစိုးရဟာ ၎င်းကူညီထောက်ပံ့ပေးထားတဲ့ Starlink terminals တွေကို စစ်ရေးရည်ရွယ်ချက်နဲ့ အသုံးပြုပြီး စစ်ပွဲ ပိုမိုကျယ်ပြန့် ပြင်းထန်လာမှာကို စိုးရိမ်မိခဲ့ကြောင်း အီလွန်မတ်က ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများနှင့်ပတ်သက်၍ မြန်မာ-တရုတ်-ထိုင်း (၃)နိုင်ငံအကြား စစ်ဆင်ရေးကို မဲဆောက်မြို့၌ ပြုလုပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီးဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း