အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေ ကမ္ဘာ့စီးပွားရေးကိုဖျက်ဆီးနေကြောင်း ရုရှားသမ္မတပူတင်ပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁၂
အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ လက်ရှိရှိနေတဲ့ ကမ္ဘာ့စီးပွားရေးဆက်ဆံရေး မူဘောင်များကို ဖျက်ဆီးလျက်ရှိနေကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားဖိုရမ်အစည်းအဝေးအတွင်း မိန့်ခွန်းပြောဆိုရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
ရုရှားသမ္မတပူတင်က "နိုင်ငံအချို့ အထူးသဖြင့် အနောက်အုပ်စုနိုင်ငံတွေဟာ ကမ္ဘာဘဏ္ဍာရေးစနစ်၊ ကုန်သွယ်ရေးနဲ့ စီးပွားရေးဆက်ဆံရေးတွေကိုဖျက်ဆီးနေတဲ့အတွက် နိုင်ငံတကာစီးပွားရေးဟာ အပြောင်းအလဲ ဖြစ်နေတယ်။ အနောက်အုပ်စုနိုင်ငံတွေ ကဖျက်ဆီးမှုတွေရှိနေပေမယ့် ကမ္ဘာတဝန်းရှိ နိုင်ငံများဟာ ဖိအားတွေကို ခုခံပြီး နိုင်ငံအကျိုးစီးပွားတွေအတွက် စစ်မှန်တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့သွားရမှာဖြစ်ပါတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာ သူတို့နိုင်ငံသားတွေအပေါ် ရေရှည်အကျိုးစီးပွားဖြစ်စေဖို့နဲ့ တိုက်ရိုက် အကျိုးစီပွားဖြစ်စေဖို့ ကိုယ်ပိုင်စီမံကိန်းတွေကို တိုးမြှင့်လုပ်ဆောင်နေတတယ်။
အနောက်အုပ်စုနိုင်ငံတွေဟာ နိုင်ငံရေးကစားပွဲတွေကို ယာယီသဘောမျိုး လုပ်ဆောင်တာမဟုတ်ဘူး" လို့ ပြောပါတယ်။ အနောက်အုပ်စုနိုင်ငံများရဲ့ ဖိအားပေးမှုများ ရင်ဆိုင်နေရပေမယ့်လည်း ရုရှား နဲ့ တရုတ်နိုင်ငံတို့ ဦးဆောင်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) နဲ့ BRICS အဖွဲ့တို့ဟာ နိုင်ငံတကာအသိုက်အဝန်းမှာ သြဇာလွှမ်းမိုးမှုတွေ ပိုမိုရှိလာနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့် က ပြောပါတယ်။
အမေရိကန် ဒါမှမဟုတ် ဥရောပသမဂ္ဂရဲ့ပိတ်ဆို့မှုချမှတ်ခြင်းတွေကို ကမ္ဘာတဝန်းရှိ နိုင်ငံလေးနိုင်ငံမှာ တစ်နိုင်ငံက အနည်းဆုံး တွေ့ကြုံနေရကြောင်း ဆာဂေးလာရောဗ့်က ပြောပါတယ်။ အနောက်အုပ်စုနိုင်ငံတွေဟာ ကမ္ဘာ့ စီးပွားရေးကို အကျပ်ကိုင်မှု၊ အပြစ်ပေးမှု နဲ့ နှောင့်ယှက်မှုများအတွက် ကိရိယာတစ်ခုအဖြစ် အသုံးချနေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားနိုင်ငံကို ပြစ်မှတ်ထားပိတ်ဆို့မှုအမျိုးမျိုးချမှတ်ခဲ့ပြီး ရုရှားနိုင်ငံပိုင် ရွှေ နဲ့ နိုင်ငံခြားအရန်ငွေကြေး အမေရိကန်ဒေါ်လာ ဘီလျံ ၆ဝဝ ကျော်ကို သိမ်းယူထားကြောင်း၊ အမေရိကန်အုပ်စုနိုင်ငံတွေရဲ့လုပ်ရပ်က သူခိုးများ လုပ်ရပ်မျိုးသာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သစ္စာဖောက်လို့ စွပ်စွဲဝေဖန်နေသူများကို ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် တုံ့ပြန်ဝေဖန်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း