သုံးဆယ်မြို့၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခံခဲ့ရ
မြူနစ် (NSS) - စက်တင်ဘာ ၁၂
ပဲခူးတိုင်း၊ သုံးဆယ်မြို့၌ အမျိုးသမီးရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၁၁ ရက်)၊ ညနေ ၆ နာရီကျော်အချိန်တွင် သုံးဆယ်မြို့၊ သာယာအေးကျေးရွာလမ်းပေါ်၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောသည်။
သုံးဆယ်မြို့၊ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်သိမ့်သိမ့်လွင်သည် ဆရာဝန်ဖြစ်သည့် သမီးဖြစ်သူကို ဆိုင်ကယ်ဖြင့် သွားကြိုကာ ပြန်လာစဉ်အချိန်တွင် အကြမ်းဖက်သမားများက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်လုပ်ကြံခဲ့ကြောင်း သိရသည်။
ထိုသို့လုပ်ကြံခံရမှုကြောင့် အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင်သည် ဦးခေါင်းနှင့် ရင်ဘတ်တို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိခဲ့ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ လုပ်ကြံခံခဲ့ရသည့် ဒေါ်သိမ့်သိမ့်လွင်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပစ်ခတ်လုပ်ကြံခံခဲ့ရ သော စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးထွန်းထွန်းနေရာတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
အုပ်ချုပ်ရေးမှူးဖြစ်သည့် ဒေါ်သိမ့်သိမ့်လွင်နှင့် ဦးထွန်းထွန်းတို့ကို သာယာဝတီဂဠုန်တပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော မြန်မာ့ရေးရာများနဲ့ နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ