Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း၌ နိုင်ငံ၏အုပ်ချုပ်ရေးသည် ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိခဲ့ဟု တပ်ချုပ်ပြော

မြူနစ် (NSS) - စက်တင်ဘာ ၁၁

ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း(NLD လက်ထက်)၌ နိုင်ငံ၏ အုပ်ချုပ်ရေးသည် ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။


၎င်းက ယမန်နေ့(စက်တင်ဘာလ ၁၀ ရက်)တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ရွှေလီရတနာခန်းမ၌ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့ဝင်များအားတွေ့ဆုံစဉ် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လူပုဂ္ဂိုလ်ဦးစားပေး၍ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံအတွက် မဖြစ်သင့်သည့်ကိစ္စရပ်များဖြစ်ပေါ်ခဲ့သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ထို့ပြင် ဒီမိုကရေစီအစိုးရဒုတိယသက်တမ်းတွင် နိုင်ငံ၏ အုပ်ချုပ်ရေးနှင့်စီးပွားရေးဆိုင်ရာများ၌ ပြည်ပနိုင်ငံများ၏ အကြံဉာဏ်များကိုခံယူ၍ ဆောင်ရွက်ခဲ့သည်ကိုတွေ့ရှိရပြီး ပြည်ပနိုင်ငံများ၏ သြဇာအောက်သို့ မသိမသာရောက်ရှိနေခြင်းသည် တစ်နည်းအားဖြင့် မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ဆုံးရှုံးခြင်းပင်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ သဟဇာတဖြစ်နေရန် လိုအပ်သော်လည်း သြဇာခံဖြစ်၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယခင်အစိုးရလက်ထက်များ၌ မြန်မာနိုင်ငံအနေဖြင့်လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးခဲ့ပြီး လက်ရှိတွင်လည်း ယင်းမူဝါဒအတိုင်းပင် ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

လက်ရှိ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် နစကအစိုးရလက်ထက်တွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးသည် ကဏ္ဍပေါင်းစုံ၌ ပိုမိုကောင်းမွန်လျက်ရှိသည်ကို တွေ့ရသော်လည်း အမေရိကန်နိုင်ငံအပါအဝင် အနောက်အုပ်စုနိုင်ငံများနှင့် ဆက်ဆံရေးသည် ကောင်းမွန်နေခြင်းမရှိကြောင်း တွေ့ရှိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျှပ်စစ်ဓာတ်အားခ မပေးဆောင်သော မီတာသုံးစွဲသူ(၂)သိန်းကျော်ကို တစ်လအတွင်း ဓာတ်အားဖြတ်တောက်ခဲ့ဟုဆို

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved