Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး နှင့် ဓာတ်အားခကောက်ခံရေးဆောင်ရွက်သည့် လျှပ်စစ်ဝန်ထမ်း (၂၆)ဦးထိ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံထားရ

ယွန်း (NSS) - စက်တင်ဘာ ၁၀

အကြမ်းဖက်များ၏ ခြိမ်းခြောက်သတ်ဖြတ်ခံရမှုကြောင့် စုစုပေါင်း လျှပ်စစ်ဝန်ထမ်း(၂၆)ဦးထိ သေဆုံးထားရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနထံမှ သိရသည်။

နစက အာဏာစတင် ရယူခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတစ်ဝန်းရှိ ဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုများရှိခဲ့ကြောင်း သိရသည်။

အဆိုပါပဋိပက္ခများကြောင့် ရဟန်းသံဃာနှင့်သီလရှင်များ အပါအဝင် နိုင်ငံဝန်ထမ်းများနှင့် ဒေသခံပြည်သူ သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။

ထိုသို့သေဆုံးခဲ့သူများရှိခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်လည်း လျှပ်စစ်ဝန်ထမ်း(၂၆)ဦးထိ သေဆုံးခဲ့ရကြောင်း သိရသည်။

၎င်းတို့သည် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနှင့် ဓာတ်အားခကောက်ခံရေးတို့အတွက် ဆောင်ရွက်နေစဉ် လက်နက် ကိုင်များက ခြိမ်းခြောက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ သတ်ဖြတ်ခြင်း တို့ကြောင့် သေဆုံးခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဆိုသည်။

"ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးနဲ့ ဓာတ်အားခကောက်နိုင်ရေးကို ဆောင်ရွက်နေချိန်မှာ မသမာသူ၊ အဖျက်အမှောင့် လုပ်လိုသူ၊ အကြမ်းဖက်လက်နက်ကိုင်တွေက ခြိမ်းခြောက်တာ၊ ချောင်းမြောင်းပစ်ခတ်တာ၊ သတ်ဖြတ်တာတွေကို ပြုလုပ်တာကြောင့် ဝန်ထမ်း(၂၆)ဦး သေဆုံးခဲ့ပြီး (၆၉)ဦး ဒဏ်ရာရရှိခဲ့ပါတယ်" ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ထိုသို့ ရင်ဆိုင်ကြုံတွေ့နေရသော်လည်း သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ လုံခြုံရေးအကူအညီဖြင့် ဓာတ်အားခကြွေးကျန်ရရှိရေးအတွက် ဓာတ်အားခကောက်ခံခြင်းကို အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။


"ဝန်ထမ်းဆိုတာကို မည်သည့်အဖွဲ့အစည်းမဆို ဝန်ထမ်းလို့ နားလည်ဖို့လိုပါတယ်။ မည်သည့်အစိုးရပဲ တက်တက် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကိုလည်ပတ်အောင် ဝန်ထမ်းကလုပ်ရတယ်။ အဲဒါကို နားလည်မှ ဝန်ထမ်းတွေကို နိုင်ငံရေးကစားပွဲထဲကို မတွဲမိအောင် ဆောင်ရွက်ကြရမယ်လေ။ အခုကတော့ သားကောင်ဖြစ်တာပေါ့ဗျာ။ အမှန်က ဗျူရိုကရေစီယန္တရားအရ ဝန်ထမ်းတွေလိုအပ်တာပေါ့။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ် စသည်ဖြင့်ပေါ့ နိုင်ငံရေး ဟာ နိုင်ငံရေးပဲလေ။ အစိုးရတစ်ရပ်ရဲ့မောင်းနှင်အားကတော့ ဝန်ထမ်းပဲ။ ဘယ်သူပဲ အစိုးရတက်တက်ပေါ့။ အဲဒီလို မျိုးအမြင်ရှိရင် ဝန်ထမ်းတွေကို သတ်တယ်၊ ဖြတ်တယ်တွေဆိုတာက လျော့သွားနိုင်တာပေါ့။ ဒါပေမယ့် အဲဒီလိုမျိုး အမြင်မကျယ်ကြလို့သာ ဒီလိုမျိုးသတ်တာတွေရှိတာပေါ့။ မလုပ်အပ်ဘူးလို့ပဲ မြင်ပါတယ်။ ဒါတွေက အဓိကက လူမှု့အဖွဲ့အစည်းအတွက် လိုအပ်တဲ့မောင်းနှင်အားတွေပဲလေ" ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က NP News ကို သုံးသပ်ပြောကြားထားသည်။

နစကအနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ(၁)ရက်မှစ၍  နိုင်ငံတော်အရေးပေါ်ကာလကို (၆)လ ထပ်မံ တိုးမြှင့်သတ်မှတ် ထားပြီး ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီ(၁)ရက်မှ ဇူလိုင်လ(၃ဝ)ရက်အထိ (၆)လတာကာလအတွင်း ရဟန်းသံဃာ နှင့် သီလရှင်လေးပါး၊ အပြစ်မဲ့ပြည်သူ (၇၇၂)ဦး နှင့် နိုင်ငံ့ဝန်ထမ်း(၂၈)ဦး သေဆုံးထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးပူးတွဲထုတ်ပြန်ချက်မှာ ရုရှားကို ပြစ်တင်ရှုတ်ချဖို့ ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရခဲ့

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved