Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ULA/AA က ခေါ်ဆောင်ထားသည့် ပါတီဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်ကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့် ဦးဆောင်ပါတီ တောင်းဆို

မျိုးကြီး (NSS) - စက်တင်ဘာ ၁ဝ

ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ခေါ်ဆောင်ထားသည့် ပါတီဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်ကို အမြန်ဆုံးလွှတ်ပေးရန် ရခိုင့်ဦးဆောင်ပါတီက တောင်းဆိုလိုက်သည်။

ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ(AFP)က ယမန်နေ့(စက်တင်ဘာ ၉ ရက်) တွင် အထက်ပါကဲ့သို့ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင့်ဦးဆောင်ပါတီမှ ဒုတိယဥက္ကဋ္ဌဦးကျော်ဇောဦး နှင့် ဗဟိုအကြံပေးအဖွဲ့ဝင် ဦးကျော်လွင်တို့သည် ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် အောက်တိုဘာလ နှင့် နိုဝင်ဘာလတို့တွင် ULA/AA အဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရပြီး လက်ရှိ အချိန်တွင် တစ်နှစ်ပြည့်မြောက်တော့မည်ဖြစ်သည်။

“အရင်တုန်းကလည်း တရားဝင် statement ထုတ်ပြီးတော့ မတောင်းဆိုဖူးဘူးလေ။ ဒီတစ်ခေါက်တော့ ဦးဥတ္တမနေ့ မှာ မှတ်မှတ်ရရပေါ့နော် လွှတ်ပေးဖို့ တောင်းဆိုတာပါ” ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် က NP News ကို ပြောသည်။

၎င်းတို့နှစ်ဦးသည် မြန်မာ့နိုင်ငံရေးပဋိပက္ခအား ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးနည်းလမ်းကို သက်ဝင်ယုံကြည်ကြပြီး ကြိုးပမ်းအကောင်အထည်ဖော်နေသူများဖြစ်ကြောင်း ရခိုင့်ဦးဆောင်ပါတီက ဆိုသည်။

 “မဖမ်းသင့်ဘူးပေါ့ဗျာ။ ကျွန်တော်တို့လည်းပဲ နိုင်ငံရေးနည်းနဲ့ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးကောင်းဖို့အတွက် ကြိုးစားနေကြတာပဲလေ။ လက်နက်ကိုင်တော်လှန်ရေးကလည်း သူ့နည်းသူ့ဟန်ယုံကြည်ချက်နဲ့သွားတာကို။ အဲဒီတော့ ပါတီနိုင်ငံရေးမှာ လုပ်နေကြတဲ့သူတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က ဖမ်းတယ်ဆီးတယ်ဆိုတာမျိုးက မကောင်းဘူးပေါ့ဗျာ” ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။


ရခိုင့်ဦးဆောင်ပါတီမှ ဒုဥက္ကဋ္ဌ နှင့် ဗဟိုအကြံပေးအဖွဲ့ဝင်တို့ကို မေးမြန်းစရာရှိသည့်အတွက် ခေါ်ဆောင်ထားခြင်း ဖြစ်ကြောင်း ULA/AA ၏ ပြောခွင့်ရ ဦးခိုင်သုခက သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းပြောဆိုခဲ့ဖူးသည်။

“မကြာခင်မှာ တစ်နှစ်ပြည့်တော့မယ်။ ခေါ်ယူထားတယ်လို့ပဲ သူတို့ပြောတာဗျ။ ခေါ်ယူထားတယ်ဆိုရင် အခေါ်ခံရ တဲ့ သူအတွက်လည်း အကျိုးမရှိဘူးလေ။ ခေါ်ယူထားတဲ့အဖွဲ့အစည်းအပေါ်မှာလည်း အကျိုးမရှိဘူးလေ။ ကျွန်တော်တို့ နိုင်ငံရေးပါ တီမှာတော့ အင်အားလျော့သွားတာပေါ့။ သူတို့က လူတော်တွေ၊ လူကောင်းတွေဗျ” ဟု ပါတီဥက္ကဋ္ဌဒေါက်တာအေးမောင် က ဆိုသည်။

ထို့ကြောင့် ဦးကျော်ဇောဦးနှင့် ဦးကျော်လွင်တို့အား ၎င်းတို့၏ မိသားစုနှင့်အမြန်ဆုံး တွေ့ဆုံခွင့်ရရှိရေး၊ ပါတီဝင်ထု နှင့် အမြန်ဆုံးတွေ့ဆုံခွင့်ရရှိရေးအတွက် ခေါ်ဆောင်ထားသည့် ULA/AA အနေဖြင့် အမြန်ဆုံးလွှတ်ပေးပါရန် ရခိုင့် ဦးဆောင်ပါတီ က တောင်းဆိုထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး နှင့် ဓာတ်အားခကောက်ခံရေးဆောင်ရွက်သည့် လျှပ်စစ်ဝန်ထမ်း (၂၆)ဦးထိ အကြမ်းဖက်သတ်ဖြတ်ခြင်း ခံထားရ

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved