ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတွင် ရပ်ထားသောတွဲကားအား (၁၂)ဘီးကားမှဝင်တိုက်ခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင်(NSS) - စက်တင်ဘာ ၉
ခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတွင် ရပ်ထားသောတွဲကားအား (၁၂)ဘီးကားက နောက်မှဝင်တိုက်မိမှုကြောင့် (၁၂)ဘီးကားပေါ်မှ ယာဉ်မောင်းအမျိုးသား ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့ (စက်တင်ဘာလ ၈ရက်)၊ ည ၁၀နာရီခွဲအချိန်ခန့်တွင် ညောင်လေးပင်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း၊ ညောင်လေးပင်မြို့နယ်နှင့် ပိန်းဇလုပ်မြို့ကြား မိုင်တိုင်အမှတ်(၈၇/၈)နှင့်(၈၈/၀)ကြားတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါမိုင်တိုင်ကြားတွင် ပျက်၍ရပ်ထားသော Nissan (၂၂)ဘီး အဖြူရောင်တွဲကားအား Fuso(၁၂)ဘီး အဝါရောင်ကားမှ အရှိန်မထိန်းနိုင်ဖြစ်ကာ နောက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်တိုက်မိမှုကြောင့် (၁၂)ဘီးကားမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့(၂)ဦးမှာ ကားခေါင်းခန်းအတွင်း ညပ်နေကြောင်းသိရ၍ ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ခဲ့ရာ ယာဉ်မောင်းအမျိုးသားသည် ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ ယာဉ်နောက်လိုက် အမျိုးသားသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် သေဆုံးသူယာဉ်မောင်းအမျိုးသား နှင့် ထိခိုက်ဒဏ်ရာရှိသူအား ညောင်လေးပင်မြို့လူမှုကူညီရေးအသင်းမှကားဖြင့် ညောင်လေးပင် မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မီတာခကြွေးကျန်(၄)လနှင့်အထက်ရှိသည့် မီတာများကို မနက်ဖြန်မှစ၍ အပြီးဖြုတ်သိမ်းမည်ဟု MESC အသိပေး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ