အမေရိကန်က ယူကရိန်းကို အမေရိကန်ဒေါ်လာ သန်း(၆၀၀)တန် လုံခြုံရေးဆိုင်ရာအကူအညီသစ်များ ထောက်ပံ့မယ်
ရောင်နီ (NSS) - စက်တင်ဘာ ၉
အမေရိကန်က ယူကရိန်းအတွက် စစ်ရေးနဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလျံထောက်ပံ့ဖို့ကတိပြုပြီး (၁)ရက်အကြာမှာ နောက်ထပ်ချေမှုန်းရေး ခဲယမ်းများ၊ မိုင်းရှင်းလင်းရေး ကိရိယာများ၊ အမြောက်ကျည်များနဲ့ အခြားလက်နက်များပါဝင်တဲ့ အမေရိကန်ဒေါ်လာသန်း ၆၀၀ တန် လုံခြုံရေးဆိုင်ရာအကူအညီတွေကို ထောက်ပံ့ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
အမေရိကန်လုပ် M1 Abrams တင့်ကားတွေအတွက် ယူရေနီယံ ခဲယမ်းမီးကျောက်များအပါအဝင် ယူကရိန်းအတွက် စစ်ရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ ၁ ဘီလျံထောက်ပံ့ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကင်က ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၆ ရက်) ယူကရိန်းနိုင်ငံကို အလည်အပတ်ရောက်ရှိစဉ်က ကြေညာခဲ့တာဖြစ်ပြီး ၁ ရက်အကြာ စက်တင်ဘာလ ၇ ရက်မှာတော့ အမေရိကန်ဒေါ်လာသန်း ၆၀၀ တန် လုံခြုံရေးဆိုင်ရာအကူအညီတွေပေးအပ်မယ်လို့ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ အကူအညီပေးမှုတွေကို ယခုနှစ်နှောင်းပိုင်းမှာ ယူကရိန်းကို ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အဆိုပါ ကူညီမှုတွေဟာ ယူကရိန်းရဲ့ စစ်မြေပြင်လိုအပ်ချက်တွေကို ပံ့ပိုးပေးနိုင်မှာဖြစ်ပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့ မယိမ်းယိုင်တဲ့ ပံ့ပိုးကူညီမှုကို ပြသနေတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြာသပတေးနေ့ (စက်တင်ဘာလ ၇ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ကူညီမှုဟာ မိတ်ဖက်တွေဆီက ပစ္စည်းတွေ၀ယ်ယူရတဲ့ ယူကရိန်းလုံခြုံရေးအကူအညီ (USAI) အောက်မှာ ရှိနေတာကြောင့် စစ်မြေပြင်ကို ချက်ချင်းရောက်ရှိဦးမှာ မဟုတ်ပါဘူး။
ဒါဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့က ယူကရိန်းရဲ့ ရုရှားကို တန်ပြန်တဲ့ သုံးလကြာ ထိုးစစ်ကို ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ စစ်ရေးအကူအညီတွေပဲ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်းဟောင်းတွင် ရပ်ထားသောတွဲကားအား (၁၂)ဘီးကားမှဝင်တိုက်ခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း