ရန်ကုန်တိုင်းလွှတ်တော်ဝန်း ပစ်ခတ်ခံရခြင်းမရှိကြောင်း တိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်လည်တုံ့ပြန်
မြူနစ် (NSS) - စက်တင်ဘာ ၉
ရန်ကုန်တိုင်းလွှတ်တော်ဝန်း ပစ်ခတ်ခံရခြင်းမရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ ဥပဒေချုပ်ဦးဌေးအောင်က ပြောသည်။
လက်ရှိတွင် လူမှုကွန်ယက်စာမျက်နှာအချို့၌ ယနေ့(စက်တင်ဘာလ ၉ ရက်)၊ နံနက်အစောပိုင်းတွင် ရန်ကုန်တိုင်းလွှတ်တော်ဝန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။
၎င်းသတင်းအချက်အလက်နှင့်ပတ်သက်၍ NSS သတင်းဌာနအနေဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ပြောခွင့်ရ၊ ဥပဒေချုပ်ဦးဌေးအောင်အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက “သတင်းမှားပါတယ်ခင်ဗျာ။ ဘာမှ ဖြစ်ပွားခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ အခုဒီမှာ အခမ်းအနားတွေ ကျင်းပလျက်ရှိပါတယ်။ ပစ်ခတ်မှုဖြစ်စဉ်တွေလည်း ဘာမှမရှိပါဘူးခင်ဗျာ။ သတင်းအမှားသာ ဖြစ်ပါတယ်” ဟု ဖြေကြားထားသည်။
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းလွှတ်တော်ဝင်းအတွင်း၌ အခမ်းအနားတစ်ခုကို ကျင်းပလျက်ရှိကြောင်းလည်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်အချိန်တွင် ဥပဒေချုပ်ကဆက်လက်ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းလွှတ်တော်ဝန်း ပစ်ခတ်တိုက်ခိုက်ခံရမှုသတင်းအချက်အလက်နှင့်ပတ်သက်၍လည်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ ဖြစ်စဉ်ဖြစ်ပွားတာ မရှိပါဘူး။ သတင်းအမှားသာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၄)လလောက်တုန်းကလည်း ရန်ကုန်တိုင်းလွှတ်တော်ကို ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုပြီး သတင်းအမှားတွေ ဖြန့်ဖူးတယ်။ တကယ်က ဘာမှ မဖြစ်ပါဘူး” ဟု NSS ကို ပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကင်မရွန်း အနောက်တောင်ပိုင်းမှာ စစ်သွေးကြွတွေ သောင်းကျန်းနေဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း