ကင်မရွန်း အနောက်တောင်ပိုင်းမှာ စစ်သွေးကြွတွေ သောင်းကျန်းနေဟုဆို
ရောင်နီ (NSS) - စက်တင်ဘာ ၉
ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်း အန်ဂလိုဖုန်းဒေသ၊ ရွာတစ်ရွာမှာ စစ်သွေးကြွ လက်နက်ကိုင်တွေက ခရီးသည်တင်ကားတွေကို ရပ်စေပြီး ခရီးသည်တွေကို သေနတ်နဲ့ပစ်ခတ်ခြင်း၊ ယာဉ်တွေကို မီးရှို့ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကင်မရွန်းရဲ့လူနည်းစု အင်္ဂလိပ်စကားပြောဒေသတွေမှာ ခွဲထွက်ရေးသမားတွေဟာ ၎င်းတို့အတွက် လွတ်လပ်တဲ့ ပြည်နယ်တစ်ခုဖော်ဆောင်ဖို့ ၂၀၁၇ ခုနှစ်ကတည်းက တိုက်ပွဲတွေ ဖန်တီးနေခဲ့တာပါ။ ၎င်းတို့ဟာ နိုင်ငံအနောက် မြောက်နဲ့ အနောက်တောင်ဒေသတွေမှာ တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အနောက်တောင်ဒေသမူအာကျေးရွာမှာ ကြာသပတေးနေ့ (စက်တင်ဘာလ ၇ ရက်)က မီးလောင်ကျွမ်းထားတဲ့ ကားတစ်စီး၊ ကျည်ဆံအကြွင်းအကျန်တွေနဲ့ စောင်နဲ့ပတ်ထားတဲ့ အလောင်းတွေကို တွေ့ရပါတယ်။ ဒေသခံတစ်ဦးရဲ့ပြောကြားချက်အရ နွေရာသီအားလက်ရက်ကုန်ဆုံးလို့ စာသင်ကျောင်းတွေ ပြန်ဖွင့်တဲ့ရက် မနက်စောစောမှာ တိုက်ခိုက်သူတွေ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်ရေးသမားတွေက စာသင်ကျောင်းတွေကို ပိတ်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေဟာ မကြာခဏ တိုက်ခိုက်မှုတွေရဲ့ပစ်မှတ်တွေဖြစ်လာခဲ့ပြီး ရလဒ်အနေနဲ့ ကင်မရွန်းရဲ့ပညာရေးစနစ်ဟာ ကြီးမားတဲ့ အနှောင့်အယှက်နဲ့ ရင်ဆိုင်နေရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဇူလိုင်လကုန်အထိ ငွေကျပ်(၂၀၀)ဘီလျံကျော် ထုတ်ချေးထားဟုဆို
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း