Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
နည်းဗျူဟာမြောက် နျူကလီယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘောတပ်တော်ဝင်ကြောင်း မြောက်ကိုရီးယား ကြေညာ

Htay Oung (NSS) - စက်တင်ဘာ ၈ 

မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအန်ကိုယ်တိုင်တက်ရောက်တဲ့ ဗုဒ္ဓဟူးနေ့ စက်တင်ဘာလ ၆ ရက်က အခမ်းအနားတစ်ခုမှာ “ကိုရီးယားပုံစံ နည်းဗျူဟာမြောက်နျူကလီယားတိုက်ခိုက်ရေး ရေငုပ်သင်္ဘော” ကို ရေချ လိုက်‌ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က သတင်းထုတ်ပြန်တယ်လို့ CNN က ယမန်နေ့က ရေးသားခဲ့ပါတယ်။


ရေငုပ်သင်္ဘောသစ်ဟာ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ ရေတပ်မတော်ရဲ့အဓိကရေအောက် ထိုးစစ် နည်းလမ်းတစ်ခုအဖြစ် တိုက်ခိုက်ရေးမစ်ရှင်တာဝန်များကို ထမ်းဆောင်သွားမှာဖြစ်ကြောင်း အခမ်းအနားမှာ ကင်ဂျုံအန်က မိန့်ခွန်းပြောဆိုကြောင်း သိရှိရပါတယ်။ 

ကိုရီးယားတို့ရဲ့သမိုင်းဝင်ထင်ရှားသူတစ်ဦးဖြစ်တဲ့ “သူရဲကောင်း_ကင်ကွန်အုတ်” လို့ အမည်ပေးထားတဲ့ အမှတ်-၈၄၁ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောဟာ မြောက်ကိုရီးယားရဲ့ရေတပ်အင်အားကို မြှင့်တင်ရေးကဏ္ဍသစ်ရဲ့ ကနဦး ခြေလှမ်းတစ်ခုဖြစ်ကြောင်း၊ ရေတပ်သင်္ဘောတည်ဆောက်ရေးလုပ်ငန်းချဲ့ထွင်နေခြင်းကို နောက်ပြန်ဆုတ်ဖို့ အကြောင်းမရှိဘူးလို့ KCNA က ဖော်ပြခဲ့ပါတယ်။ 

အဏုမြူစစ်ပွဲအန္တရာယ်အကြောင်း အမေရိကန်ကို သတိပေးဖို့အတွက် နျူကလီယာဒုံးကျည်တိုက်ခိုက်မှုကို ပုံစံတူ ဆင်မြူလေတာနည်းစနစ်နဲ့ လေ့ကျင့်ခဲ့ကြောင်း  သီတင်းပတ်ကုန်မှာ မြောက်ကိုရီးယားက ပြောကြားပြီးနောက် ယခုကြေညာချက် ထပ်မံထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

အဲဒီ ဆင်မြူလေတာ ပုံစံတူတိုက်ခိုက်မှုဟာ ယခင်ရက်သတ္တပတ်စောစောပိုင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်ခြင်းဖြစ်တယ်လို့ KCNA က ဆိုပါတယ်။ 


ကျူးကျော်တပ်များအပေါ် တန်ပြန်တိုက်ခိုက်ရေးကိုအခြေခံပြီး အမေရိကန်-တောင်ကိုရီးယားတို့ရဲ့ကျည်အစစ်နဲ့ ပစ်ခတ်လေ့ကျင့်မှုကို ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။

စစ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ဖို့အတွက် အမေရိကန်နဲ့ တောင်ကိုရီးယားသမ္မတတို့က မေလ ဆိုးလ်မြို့ ထိပ်သီးဆွေးနွေးပွဲမှာ ကတိပြုခဲ့ကြပါတယ်။ ယခုတစ်နှစ်အတွင်းမှာပဲ မြောက်ကိုရီးယားဟာ ဒုံးကျည်စမ်းသပ်မှု အဖြစ် အကြိမ်တစ်ဇင်ကျော်ကို ပစ်လွှတ်ခဲ့ပါတယ်။ ယခင် ၂ဝ၂ဝ ပြည့်နှစ်မှာ လေးကြိမ်သာ စမ်းသပ်ခဲ့ပြီး ၂ဝ၂၁  ခုနှစ်မှာ ၈ ကြိမ်ပြုလုပ်ခဲ့ပါတယ်။

ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ကို မနက်ဖြန် စက်တင်ဘာ ၉ ရက်မှာ ကျင်းပဖို့ မြောက်ကိုရီးယားက စီစဉ်ထားပါတယ်။

#မြောက်ကိုရီးယားနျူကလီယာတိုက်ခိုက်ရေးရေငုပ်သင်္ဘော #အမေရိကန် #နျူစစ်ပွဲအန္တရာယ် 

(CNN., 7 September 2023,” North Korea says it launched new ‘tactical nuclear attack’ submarine” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်ဒေါ်လာကို စိန်ခေါ်မယ့် BRICS အဖွဲ့ရဲ့ နိုင်ငံတကာသုံးငွေကြေးသစ်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved