Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ဒေါ်လာကို စိန်ခေါ်မယ့် BRICS အဖွဲ့ရဲ့ နိုင်ငံတကာသုံးငွေကြေးသစ်

Htay Oung (NSS) - စက်တင်ဘာ ၈ 

BRICS (ခေါ်) ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသည်ဖြင့် ၅ နိုင်ငံ ဦးဆောင်တဲ့ ကုန်သွယ်ရေး စီးပွားရေးအုပ်စုက နိုင်ငံတကာသုံးစက္ကူသစ်ကို ထုတ်ဝေလိုက်ကြောင်း၊ လာမယ့် ၂ဝ၂၄ ခုနှစ်တွင် စတင်အသုံးပြု နိုင်တော့မှာဖြစ်ကြောင်း ပုံစာနှင့်တကွ သတင်းတစ်ပုဒ်ကို မိတ်ဆွေများ လာပြတဲ့အတွက် စက်တင်ဘာလ ၇ ရက် က တွေ့ရှိရပါတယ်။

အဲဒီသတင်းအတွက် စာရေးသူ အလွန်အံ့သြမိပြီး မြင်ရုံနဲ့ပဲ သတင်းတုဖြစ်ကြောင်း ကောက်ချက်ချမိပါတယ်။

၁၉၃၉ ခုနှစ် စတင်ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဥရောပစက်မှုနိုင်ငံကြီးများသာမက ကမ္ဘာ့တိုက်ကြီး အသီးသီးရှိ နိုင်ငံအတော်များမျးတို့အကြား အကြိတ်အနယ် စစ်ခင်းခဲ့ကြပေမယ့် အမေရိကန်နိုင်ငံ ပါဝင်ခြင်း မရှိခဲ့ ပါဘူး၊ စစ်ပြီးဆုံးကာနီး ၁၉၄၁ ခုနှစ် ပုလဲဆိပ်ကမ်းကို ဂျပန်က တိုက်ခိုက်ပြီးနောက်မှ စစ်အတွင်း အတိအလင်း ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်။ 

ကမ္ဘာ့စစ်ကာလ အဆိုပါနိုင်ငံအတွင်း ကျည်တစ်တောင့်မှ မကျခဲ့တဲ့ အမေရိကန်ဟာ စစ်လက်နက်မှ ရိက္ခာနဲ့ ယာဉ်ယန္တရား-အသုံးအဆောင်ပစ္စည်းအဆုံး အကြီးအကျယ်ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီပစ္စည်းကို ဝယ်ယူ သူတွေဟာ ရွှေသတ္ထုနဲ့စံထားပြီး ပေးချေခဲ့ရခြင်းဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ကြီးများမှ ရွှေများအားလုံးဟာ အမေရိကန်မှာ သွားရောက်စုပုံနေသလို ရှိခဲ့ပါတယ်။ 


ဒုတိယကမ္ဘာစစ်အပြီး ဘရီတန်ဝုဒ် စနစ်အရ ၃၅ ဒေါ်လာပေးလျှင် ရွှေတစ်အောင်စ ပြန်လည်ထုတ်ပေးခြင်းဖြင့် အမေရိကန်ဒေါ်လာဟာ ကမ္ဘာသုံးဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ၁၉၆ဝ ပြည့်လွန်နှစ်များမှာ အမေရိကန်အစိုးရရဲ့ အသုံးစရိတ်များ မြင့်တက်လာခံပါတယ်။ ပေါ်ပေါက်လာတဲ့ ဘဏ္ဍာရေးအကျပ်အတည်းဟာ ရွှေအတွက် ဒေါ်လာ ကို ရွေးယူနိုင်ခြင်းမရှိတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစတင်ပြီး အမေရိကန်ဒေါ်လာငွေကြေး တန်ဖိုး ကျဆင်းလာခဲ့ပါတယ်။ ၁၉၇၁ ခုနှစ် သမ္မတနစ်ဆင်လက်မှာ အမေရိကန်ဒေါ်လာနဲ့ ရွှေ ချိတ်ဆက်မှုကို လုံးဝ ဖျက်သိမ်းလိုက်ပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးမှာ စံငွေကြေးအဖြစ် သုံးစွဲနေရတဲ့ အမေရိကန်ဒေါ်လာကို အစားထိုးဖို့ ကမ္ဘာ့နိုင်ငံအသီးသီးက ကြံစည်နေခဲ့တာအတော်ကြာခဲ့ပါပြီ၊ 


ဘရီတန်ဝုဒ်စနစ်အရ နိုင်ငံတကာသုံး ငွေကြေးပိုင်ရှင် အမေရိကန်ဘဏ္ဍာရေးဌာနဟာ နိုင်ငံတကာဘဏ်များ အချင်းချင်း ငွေကြေးချိတ်ဆက်လွှဲပြောင်းမှုကွန်ရက် SWIFT မှာ ကြီးကြပ်သူဖြစ်နေပါတယ်။ ဒါကြောင့် နိုင်ငံခြား အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီအပေါ် အမေရိကန်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ပြီး ကမ္ဘာ့ ဘဏ္ဍာရေး လွှဲပြောင်းမှုစနစ်များပေါ်မှာ ကြီးမားတဲ့သွေဖယ်မှုများ ဖြစ်ပေါ်လာရပါတယ်။

အဲဒီပြဿနာဟာ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့ထုတ်လုပ်သူ ရုရှားကို SWIFT မှ ထုတ်ပယ် လိုက်တဲ့အခါ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ဥရောပသာမက အမေရိကန်ကိုယ်တိုင်ပင်လျှင် ငွေကြေးဆိုင်ရာ ပြဿနာများ ကို ရင်ဆိုင်နေရပါတယ်။

၂ဝ၂၃ ခုနှစ် ပထမ လေးလ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ရဲ့တွက်ချက်မှုအရ နိုင်ငံတကာကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာက ၅၉ ရာခိုင်နှုန်း ယူရိုငွေ ၂ဝ ရာခိုင်နှုန်းအောက်နဲ့ ဂျပန်ယန်းငွေ ၅ ရာခိုင်နှုန်းအသီးသီး ပါဝင် နေပါတယ်။

အမေရိကန်ဒေါ်လာငွေကြေး အသုံးပြုမှုဟာ ထိပ်ဆုံးမှာ ရောက်ရှိနေကြောင်း မှန်ကန်ပေမယ့် လွန်ခဲ့တဲ့ ဆယ်စုနှစ် များအတွင်း ဒေါ်လာအသုံးပြုမှုဟာ တဖြည်းဖြည်း ကျဆင်းလာနေခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှာ ၇ဝ ရာခိုင်နှုန်း ကျဆင်းခဲ့ပါ တယ်။

အမေရိကန်ဒေါ်လာလွှမ်းမိုးမှု ကျဆင်းလာခြင်းနဲ့ ဒေါ်လာနေရာမှာ သမားရိုးကျမဟုတ်တဲ့ အခြားငွေကြေးများကို ကမ္ဘာ့နိုင်ငံအသီးသီးတို့က အရံငွေကြေးအဖြစ် စုဆောင်းလာဖွယ် ရှိ-မရှိ မေးခွန်းဟာ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူများအတွက် ဦးနှောက်ခြောက်စရာဖြစ်လာပါတယ်။

BRICS ၅ နိုင်ငံအုပ်စုက ဦးဆောင်ပြီး ကမ္ဘာ့ဘဏ် WB၊ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF တို့နဲ့အပြိုင် အပြည် ပြည်ဆိုင်ရာဖွံ့ဖြိုးရေးဘဏ်အသစ်တစ်ခု ထူထောင်ဖို့ ရှိနေပါတယ်။ အမေရိကန်ဒေါ်လာနေရာမှာ တရုတ်ယွမ်ငွေ ကို စံထားသုံးစွဲဖို့ ရုရှား အပါအဝင် ကျန်နိုင်ငံများက ဆန္ဒရှိပေမယ့် ပေကျင်းကိုယ်တိုင်က သဘောမတူနိုင်ဘဲ ရှိနေပါတယ်။ 

အမေရိကန်ရဲ့စီးပွားရေးကို ပုခုံးချင်းယှဉ်ပြိုင်နရခိုက် ကမ္ဘာ့အခြားနေရာမှ ယွမ်ငွေပြဿနာဟာ သူ့နိုင်ငံ စီးပွားရေး အပေါ် ဂယက်ရိုက်နိုင်လို့ဖြစ်ပြီး အခြေခံအဆောက်အအုံအတော်များများ တည်ဆောက်ဖို့နဲ့ ချိတ်ဆက်မှုများ လုပ်ဖို့ လိုအပ်နေသေးတဲ့အတွက်ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံ ဂျိူဟန်နစ်ဘာ့ဂ်မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ ၆၇ နိုင်ငံ က ခေါင်းဆောင်များတက်ရောက်ကြပြီး အီရန်၊ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးတို့လို အရှေ့အလယ်ပိုင်း ကမ္ဘာ့ရေနံထုတ်လုပ်သူများနဲ့ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုပီးယားတို့ကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။ 

#ပြီးခဲ့တဲ့_သြဂုတ် #၂၂-ရက်မှ #၂၄-ရက်နေ့အထိ_ကျင်းပခဲ့တဲ့ #BRICS #ထိပ်သီးအစည်းအဝေးဟာ #အဖွဲ့ကြီးရဲ့ #နိုင်ငံတကာသုံးငွကြေးသစ် #ထုတ်ဝေမယ့်အကြောင်း #မပါဝင်ပဲ #ပြီးဆုံးသွားခဲ့တယ်လို့ Market Insider (28 August 2023) က ရေးသားပါတယ်။

တစ်နည်းအားဖြင့် တစ်ကမ္ဘာလုံးက စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ ထွန်းသစ်စနိုင်ငံကြီးများရဲ့ အစည်းအဝေး ဟာ #အမေရိကန်ဒေါ်လာကို #စိန်ခေါ်မယ့် #BRICS #စံငွေကြေးသစ်ကိစ္စနဲ့ပတ်သက်ပြီး #မဆုံးဖြတ်နိုင်သေးဘဲ #ရှိနေဆဲဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာအပေါ်မှီခိုမှု လျော့ချရေးကိစ္စမှာ ဦးဆောင် အဖွဲ့ဝင် ၅ နိုင်ငံတို့အကြား သဘောထားအမျိုးမျိုး ကွဲလွဲနေတဲ့အတွက် အစည်းအဝေးတစ်ခုလုံးအနေနဲ့မဟုတ်ဘဲ သီးခြားစီ သတင်းထုတ်ပြန်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်အထိ ကမ္ဘာ့နိုင်ငံအသီးသီးတို့ရဲ့ နိုင်ငံရပ်ခြားငွေပေးချေမှု ၄၆ ရာခိုင်နှုန်းဟာ အမေရိကန် ဒေါ်လာကို အသုံးပြုနေဆဲဖြစ်ကြောင်း၊ အခုလို RBICS အဖွဲ့ကြီး ကျယ်ပြန့်လာသည့်တိုင် အမေရိကန်ဒေါ်လာရဲ့ လွှမ်းမိုးမှုဟာ ပျောက်ဆုံးသွားဖွယ်မရှိကြောင်း စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာကျွမ်းကျင်သူများရဲ့သုံးသပ်ချက်ကို Reuters (၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်) က ရေးသားခဲ့ပါတယ်။

#BRICS #အမေရိကန်ဒေါ်လာအပေါ်_မှီခိုမှုလျော့ချရေး #ဒေါ်လာကိုစိန်ခေါ်မည့်ဘုံငွေကြေးသစ် #ဘရီတန်ဝုဒ် စနစ်

(Market Insider., 28 August 2023,” The BRICS summit ended with no new currency and all 5 members issuing differing and contradictory commentary on de-dollarization” နှင့် အခြားဆက်စပ် သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အသံထက်မြန်တဲ့ဒုံးကျည်စမ်းသပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ရကြောင်း အမေရိကန်စစ်ဌာနချုပ် ပြော

RECENT POSTS
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
အချိန်အတော်ကြာ ပျောက်ကွယ်နေခဲ့ပြီးနောက် လူမြင်ကွင်းကို တစ်ဖန်ပြန်ထွက်လာတဲ့ မင်းသားကြီးဂျက်လီ
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved