Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံရေးအခက်အခဲများ အဆုံးသတ်နိုင်အောင် နိုင်ငံတကာအဖွဲ့အစည်းများဝိုင်းဝန်းကြိုးပမ်းဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် တိုက်တွန်းတောင်းဆို

ဂျန်ဇက် (NSS) - စက်တင်ဘာ ၇

နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်း မြန်မာနိုင်ငံရေးအခက်အခဲကို အမြန်ဆုံးအဆုံးသတ်နိုင်အောင် မဟာဗျူမြောက် စည်လုံးညီညွတ်စွာနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးစေလိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က တိုက်တွန်းတောင်းဆိုလိုက်ကြောင်းသိရပါတယ်။


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မြန်မာနိုင်ငံရှိ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချက်ချင်းပြန်လွှတ် ပေးပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းစေလိုကြောင်း တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ ဂူတာရက်စ်ဟာ စက်တင်ဘာလ ၇ ရက်ကကျင်းပခဲတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောဆိုခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဂူတာရက်စ်က "မြန်မာနိုင်ငံရဲ့အခြေအနေတွေဟာ ၂၀၂၂ ခုနှစ် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးနောက်ပိုင်း ပိုဆိုးလာနေတယ်။ ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးနဲ့ လူ့အခွင့်အရေးအခြေအနေတွေဆိုးရွားလာတာကို စိုးရိမ်မှုဖြစ်ရတယ်"လို့ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းအားလုံးတွေ့ဆုံဆွေးနွေးစေလိုကြောင်း၊ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများဖြစ်ပွားနေခြင်း၊ ဆင်းရဲမှုနှုန်းမြင့်တက်နေခြင်းတွေဟာ ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်လျှောက်လှမ်းဖို့ မျှော်လင့်ချက်များကို ဖျက်ဆီးသလိုမျိုးဖြစ်နေကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောပါတယ်။ မြန်မာနိုင်ငံရေးအခက်အခဲများကို အဖြေရှာနိုင်အောင် ကြိုးပမ်းနေတဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုများနဲ့ အာဆီယံသဘောတူညီချက်ငါးချက်ကိုလည်း အပြည့်အဝထောက်ခံကြောင်း အန်တိုနီဂူတာရက်စ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် နစက တာဝန်ရှိသူများတက်ရောက်ခြင်းမရှိဘဲ မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး ကြေညာချက်များထုတ်ပြန်ခြင်းမျိုးဖြစ်နေကြောင်းသိရပါတယ်။ အာဆီယံအဖွဲ့ခေါင်းဆောင်များဟာ ၄၃ ကြိမ်မြောက်ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံကို လာမယ့် ၂၀၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ ဆုံးဖြတ်ခဲ့သလို အကြမ်းဖက်မှုများလျှော့ချရေးနဲ့တွေ့ဆုံဆွေးနွေးရေးလုပ်ဆောင်ဖို့အပြင် အာဆီယံသဘောတူညီချက်ငါးချက်ကို မြန်မာနိုင်ငံရေးအခက်အခဲအဖြေရှာရာမှာ အဓိက ရည်ညွှန်းစရာအဖြစ်ဆက်လက်ထားရှိမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်အောင် ရည်ရွယ်ပြီး အာဆီယံအလှည့် ကျ သုံးနိုင်ငံပူးတွဲချဉ်းကပ်မယ့်အစီအစဉ်ကိုလည်း လက်ခံသဘောတူညီခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့ပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ စက်တင်ဘာလ ၇ ရက်အတွင်း ဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းများ

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved