Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းထိုးစစ် ညံ့ဖျင်းကြောင်းပြောဆိုတဲ့ ပင်တာဂွန်အရာရှိများ ပါးစပ်ပိတ်နေရ

Htay Oung (NSS) - စက်တင်ဘာ ၇ 

မော်စကိုကျူးကျော်မှုကို တန်ပြန်တိုက်ခိုက်နေတဲ့ ယူကရိန်းဟာ အရေးပါတဲ့တိုးတက်မှုတွေကို ရရှိခဲ့ကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကတည်းက လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့အထိ အဆက်မပြတ်တိုက်ခိုက်ခံနေ ရတဲ့ ကိယက်ဗ် ခရီးစဉ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က ဗုဒ္ဓဟူးနေ့မှာ ပြောဆို လိုက်တယ်လို့ Reuters က ယနေ့ စက်တင်ဘာလ ၇ ရက်မှာ ရေးသားခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ဆန်းပိုင်း ယူကရိန်းနိုင်ငံအရှေ့ဘက် ဘတ်ခ်မွတ်မြို့ကို ရုရှားတို့က အကြီးအကျယ်ဖျက်ဆီးပြီးနောက် မြို့နေအများစု ထွက်ပြေးသွားတဲ့ ဧရိယာအများစုကို သိမ်းယူခဲ့ပါတယ်။ ဘတ်ခ်မွတ်အနီး “ကိုစတန်ညင်နစ်ဗ်ကာ” မြို့ရှိ လူစည်ကားတဲ့ စျေးဝယ်စင်တာတစ်ခုမှာ တိုက်ခိုက်ခံရမှုကို သမ္မတ ဇီလင်စကီးက ရှုတ်ချလိုက်ပါတယ်။ (ဆိုဗီယက်ခေတ် အကြီးအကျယ်ဖွံ့ဖြိုးလာခဲ့တဲ့) အဲဒီစက်မှုမြို့ရဲ့လူသေဆုံးမှုမှာ ကလေးငယ်တစ်ဦးလည်း ပါဝင် နေပြီး ဒဏ်ရာရသူ ၃၂ ဦးထက်မနည်းရှိတယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။ 


မြို့ပြများကို ဖျက်ဆီးပြီး မြို့ရွာ ကျေးလက်နဲ့ အရပ်သားထောင်ပေါင်းများစွာတို့ကို သေဆုံးစေခဲ့တဲ့ ရုရှားကတော့ အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လောလောဆယ် မှတ်ချက်ပေးခြင်း မရှိပါဘူး၊ မော်စကိုရဲ့ ၁၈ လကျော် ကြာမြင့် လာခဲ့ပြီဖြစ်တဲ့ကျူးကျော်မှုမှာ အရပ်သားများအပေါ် တမင်ပစ်မှတ်ထားခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ 

ဇွန်လစောစောပိုင်း တန်ပြန်ထိုးစစ်စတင်ချိန်နောက်ပိုင်း ကိယက်ဗ်သို့ ပထမဆုံးလာရောက်သူ အမေရိကန် ထိပ်တန်းအရာရှိ ဘလင်ကင်ကတော့ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ ထောက်ပံ့မှု အပါအဝင် အမေရိကန်ဒေါ်လာ ၁ ဘီလျံကျော်တန်ဖိုးရှိ နောက်ထပ် စစ်ရေးအကူအညီအစီအစဉ်သစ်တစ်ရပ်ကို ကြေညာ လိုက်ပါတယ်။

ဆက်လက်ဆင်နွှဲနေတဲ့တန်ပြန်ထိုးစစ်ဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်း တိုးတက်အောင်မြင်မှုများ နဲ့ အရှိန်အဟုန်မြင့်တက်လာခဲ့ကြောင်း၊ ယခုထပ်မံပေးအပ်လိုက်တဲ့ (စစ်ရေး) အကူအညီသစ်ဟာ အဲဒီအောင်မြင်မှု တွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး နောက်ထပ် အရှိန်တိုးမြှင့်နိုင်မှာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘလင်ကင်က ပြောဆိုပါတယ်။

စောစောပိုင်း ဘလင်ကင်ဟာ တိုးတက်မှုဟာ အလွန်အရေးပါပြီး တကယ့်ကို အားရစရာကြီးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ကိယက်ဗ်ရဲ့တန်ပြန်ထိုးစစ်ဟာ နှေးကွေးလွန်းပြီး ညံ့ဖျင်းတဲ့ နည်းဗျူဟာများက အဟန့်အတားဖြစ်နေရတယ်လို့ အမည်မဖော်လိုသူပင်တာဂွန်အရာရှိများကို ကိုးကားပြီး အမေရိကန်မီဒီယာများရဲ့ ရေးသားချက်ဟာ ယူကရိန်း အရာရှိများကို ဒေါသထွက်စေခဲ့ပါတယ်။ ဝေဖန်သူများရဲ့ ပါးစပ်တွေကို ပိတ်ပစ်ဖို့ ကိယက်ဗ်နိုင်ငံခြားရေး၀န်ကြီး ဒီမီထရို_ကူလီဘာကို တိုက်တွန်းခဲ့တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဝါရှင်တန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

ယူကရိန်းတို့ရဲ့တန်ပြန်ထိုးစစ်မှာ ရွာပေါင်း တစ်ဒါဇင်ကျော်နဲ့ အဆောက်အအုံအနည်းငယ်ကို ပြန်လည်သိမ်းပိုက်ခဲ့ ပါတယ်။ ဒါပေမယ့် ရုရှားတို့ ထိန်းချုပ်ထားတဲ့နယ်မြေအတွင်းသို့ ချဉ်းကပ်လာတဲ့အခါမှာတော့ ယူကရိန်းတို့ရဲ့ ရှေ့တိုးချီတက်ဖို့ အရေးဟာ မိုင်းကွင်းများ-ကတုတ်ကျင်းများနဲ့နှေးကွေးသွားခဲ့ပါတယ်။

ကိယက်ဗ်ရဲ့ စစ်နည်းဗျူဟာအပေါ်  လူသိရှင်ကြား ဝေဖန်ခြင်းမပြုတော့တဲ့ အမေရိကန်အရာရှိများကတော့ ယူကရိန်း အရှေ့တောင်ပိုင်းမှာ တိုးတက်မှု ရရှိကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောဆိုပါတယ်။

အမေရိကန်ရဲ့အကူအညီအသစ်မှာ HIMARS ဒုံးကျည်ပစ်စနစ်များ၊ “ဂျက်ဗီလင် တင့်ကားဖျက်လက်နက်များ” ၊ “အေဗရမ်” တင့်ကားများနဲ့ အခြားလက်နက်ခဲယမ်းစနစ်များ ပါဝင်မှာဖြစ်ကြောင်း အိမ်ဖြူတော် သတင်းပြန်ကြား ရေးက ပြောပါတယ်။ ယူကရိန်းမှာ ကုန်ခမ်းသွားတဲ့ #ယူရေနီယံ_ခဲယမ်းများကိုလည်း ပေးပို့သွားမယ်လို့  ပင်တဂွန်က ဆိုပါတယ်။

အမေရိကန်ဟာ ယူကရိန်းမှာ နောက်ဆုံးတစ်ယောက်မှ မကျန်တော့တဲ့အထိ ဆက်လက်ထောက်ပံ့နေမှာဖြစ် ကြောင်း ဘလင်ကင်ရဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကရင်မလင် ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ_ပက်ရ်ှကော့ဗ်က သတင်း ထောက်များ အမေးကို ပြန်လည်ဖြေဆိုပါတယ်။ ကိယက်ဗ်ကို အမေရိကန်က ပေးအပ်နေတဲ့အကူအညီဟာ ရုရှားရဲ့ ယူကရိန်းအထူးစစ်ဆင်ရေးအပေါ်ထိခိုက်မှာ မဟုတ်ဘူးလို့လည်း  သူက ပြောပါတယ်။

အန်တိုနီဘလင်ကင်နဲ့ ဆွေးနွေးရာမှာ အမေရိကန်ရဲ့ ATACMS ကြည်းတပ် တာဝေးပစ်နည်းဗျူဟာ ဒုံးကျည်များကို ပေးအပ်ဖို့ကိစ္စလည်း ပါဝင်ခဲ့ပြီး အပြုသဘောဆောင်တဲ့ ဆုံးဖြတ်ချက်တစ်ခုခု ရရှိမယ်လို့ မျှော်လင့်ကြောင်း ယူကရိန်းနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး၀န်ကြီးရဲ့ခရီးစဉ် ဒုတိယမြောက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ကိုစတန်ညင်နစ်ဗ်ကာ စျေးဝယ် စင်တာတိုက်ခိုက်မှုကို ရက်စက်ကြမ်းကြုတ်မှုအဖြစ် ဥရောပသမဂ္ဂက ရှုတ်ချခဲ့ပြီး နောက်ကွယ်မှ တာ၀န်ရှိသူများ ကို (အရေးယူဖို့) ထည့်သွင်းစဉ်းစားမယ်လို့ ဆိုပါတယ်။

အမေရိကန်ရဲ့အကူအညီများနဲ့ပတ်သက်ပြီး ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်းအများအပြားတို့က မေးခွန်း ထုတ်ခဲ့ကြပြီး ၂ဝ၂၄ ခုနှစ် ရွေးကောက်ပွဲမဲဆွယ်မှုများ ပြင်းထန်လာပါက ဝါရှင်တန်ရဲ့ယူကရိန်းအပေါ် ထောက်ပံ့မှု ကို ဆက်လက်ထိန်းသိမ်းဖို့အတွက် စိုးရိမ်မှုများ မြင့်တက်လာနေပါတယ်။


#ယူကရိန်တန်ပြန်ထိုးစစ် #အန်တိုနီဘလင်ကင် #ဘတ်ခ်မွတ် #ကိုစတန်ညင်နစ်ဗ်ကာမြို့ #ဒီမီထရီကလူဘာ

(Reuters., 7 September 2023,” Blinken hails Kyiv's pushback against Russia in visit clouded by attack” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စသုံးလုံးညွှန်ချုပ်နေရာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး ပြောင်းရွှေ့တာဝန်ထမ်းဆောင်

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved