ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ပြိုင်ဘက်အဖြစ်မရပ်တည်ဘဲ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ အင်ဒိုနီးရှားသမ္မတ တိုက်တွန်းတောင်းဆို
ဂျန်ဇက် (NSS) - စက်တင်ဘာ ၇
အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကို ပြိုင်ဘက်အဖြစ် မရပ်တည်ဘဲ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုလိုက်ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားသမ္မတက "ငြိမ်းချမ်းရေး နဲ့ တည်ငြိမ်ရေးဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအရေးပါတဲ့အချက် တွေ ဖြစ်ပါတယ်" လို့ အရှေ့အာရှထိပ်သီးအစည်းအဝေးအတွင်း ပြောခဲ့ပါတယ်။
အရှေ့အာရှထိပ်သီးအစည်းအဝေးကို အာဆီယံနိုင်ငံများရဲ့ခေါင်းဆောင်များအပြင် တရုတ်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှား၊ တောင်ကိုရီးယား နဲ့ အမေရိကန်နိုင်ငံတို့ရဲ့ ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရပါတယ်။
အင်ဒိုနီးရှားသမ္မတက "နိုင်ငံတွေဟာ ကမ္ဘာကြီးမှာ ပဋိပက္ခအသစ်တွေ၊ တင်းမာမှုအသစ်တွေနဲ့ စစ်ပွဲအသစ်တွေ ထပ်မံ မဖြစ်အောင် လုပ်ဆောင်ရမယ့် တာဝန်တွေရှိနေပါတယ်။ တင်းမာမှုတွေ လျော့ချအောင်လုပ်ဆောင်ရမယ့် တာဝန်ရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတွေဖန်တီးပေးဖို့ နဲ့ မတူကွဲပြားမှုတွေကို ပေါင်းစည်းနိုင်အောင် တံတားအဖြစ် ဖန်တီးပေးနိုင်ဖို့ လုပ်ဆောင်ရမယ်" လို့ ပြောပါတယ်။
အရှေ့အာရှထိပ်သီးအစည်းအဝေးကိုတက်ရောက်လာတဲ့ ခေါင်းဆောင်များကို ပူးပေါင်းဆောင်ရွက်မှုများ ပိုမို ကောင်းမွန်စေဖို့ နဲ့ ပြိုင်ဘက်အသွင်ရပ်တည်ခြင်းများ မလုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုလိုကြောင်း အင်ဒိုနီးရှားသမ္မတ က ပြောပါတယ်။
အင်ဒိုပစိဖိတ်ဒေသဟာ လက်ရှိအချိန်မှာ အမေရိကန် နဲ့ တရုတ်နိုင်ငံကြား အင်အားချဲ့ထွင်ဖို့ နဲ့ သြဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတဲ့ အားပြိုင်ရာနေရာဖြစ်လာနေကြောင်း သိရပါတယ်။ အမေရိကန် နဲ့ တရုတ်နိုင်ငံတို့ဟာ ထိုင်ဝမ် အရေး၊ တောင်တရုတ်ပင်လယ်အရေးကိစ္စများနဲ့ပတ်သက်ပြီး တင်းမာမှုတွေရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းထိုးစစ် ညံ့ဖျင်းကြောင်းပြောဆိုတဲ့ ပင်တာဂွန်အရာရှိများ ပါးစပ်ပိတ်နေရ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ