နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဘင်္ဂလားဒေ့ရှ်သံအမတ်က သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ကာကွယ်ရေးကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
မျိုးကြီး (NSS) - စက်တင်ဘာ ၇
နိုင်ငံတော်ဝန်ကြီးချုပ်ထံ ဘင်္ဂလားဒေ့ရှ်သံအမတ်က သံအမတ်ခန့်အပ်လွှာပေးအပ်ခဲ့ပြီး ကာကွယ်ရေးကဏ္ဍ၌ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နစကဥက္ကဋ္ဌရုံး၌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး H.E. Dr. Md. Monwar Hossain က ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။
ထိုသို့သံအမတ်ခန့်အပ်လွှာပေးပြီးနောက်ပိုင်း၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘင်္ဂလားဒေ့ရှ်သံအမတ်တို့ကြားတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဆက်လက်ပြီး နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရေး၊ နယ်စပ်ဒေသ၌ တရားမဝင်ကုန်သွယ်မှုများ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုများ မရှိစေရေး ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးဆိုင်ရာဖြစ်ပေါ်တိုးတက်နေမှုများကိုလည်း နှစ်ဖက်အကြားထည့်သွင်းဆွေးနွေးခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော နစကအစိုးရလက်ထက်တွင် နိုင်ငံတကာသံတမန်ဆက်ဆံရေးကဏ္ဍ၌ မြန်မာနိုင်ငံနှင့် နိုင်ငံအချို့အကြားတွင် သံတမန်အဆင့် အပြန်အလှန်လျှော့ချဆက်ဆံမှုများလည်း ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြဝတီမြို့ကို တိုက်ခိုက်ရာမှာအသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ဒရုန်းတွေကို ထိုင်းနိုင်ငံမဲဆောက်မြို့ရှိအိမ်တစ်အိမ်မှာ ဖမ်းဆီးရမိခဲ့ဟု ထိုင်းသတင်းများဖော်ပြ
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း