Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြဝတီမြို့ကို တိုက်ခိုက်ရာမှာအသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ဒရုန်းတွေကို ထိုင်းနိုင်ငံမဲဆောက်မြို့ရှိအိမ်တစ်အိမ်မှာ ဖမ်းဆီးရမိခဲ့ဟု ထိုင်းသတင်းများဖော်ပြ

ဂျန်ဇက် (NSS) - စက်တင်ဘာ ၇ 

ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေတဲ့ဒေသခံတွေဟာ မဲဆောက်မြို့ရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေကြောင်း ထိုင်းအခြေစိုက်သတင်းများက ဖော်ပြထားပါတယ်။ 

မဲဆောက်မြို့ နဲ့ နယ်စပ်ချင်းထိစပ်နေတဲ့မြဝတီမြို့မှာ ဒရုန်းနဲ့တိုက်ခိုက်မှုများဖြစ်ပွားခဲ့တဲ့အပြင် မဲဆောက်မြို့ရှိ အိမ်တစ်အိမ်မှာ ငှားရမ်းနေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို ဒရုန်းထုတ်လုပ်မှုများနဲ့ပတ်သက်ပြီး ဖမ်းဆီးခဲ့ပြီး နောက် စိုးရိမ်မှုမြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက မဲဆောက်မြို့ရှိ နိုင်ငံခြားသား များ ငှားရမ်းနေထိုင်နေတဲ့အိမ်မှာ ဒရုန်းထုတ်လုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းများနဲ့ လူများကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ပြောပါတယ်။


ထိုင်းနိုင်ငံ တက်ပြည်နယ် မဲဆောက်မြို့အုပ်ချုပ်ရေးအာဏာပိုင်းက ၎င်းတို့ဟာ စက်တင်ဘာ ၅ ရက်က မဲဆောက်မြို့ရှိ အိမ်ကိုစီးနင်းရှာဖွေခဲ့ရာ မြန်မာနိုင်ငံသား လေးဦးကို ဒရုန်းထုတ်လုပ်ရာမှာအသုံးပြုတဲ့ပစ္စည်းအရေ အတွက် ဒါဇင်ချီနဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါဖ မ်းဆီးရမိတဲ့ဒရုန်းတွေဟာ မြဝတီမြို့ကိုတိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ဒရုန်းတွေဖြစ်ဖို့ အလားလာများ ကြောင်း၊ မြဝတီမြို့ကို တိုက်ခိုက်ခဲ့ပြီးနောက် ဒရုန်းတွေကို ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို လျှို့ဝှက် ပြန်သယ်ယူ လာခြင်းမျိုးဖြစ်ကြောင်း၊ ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

ထိုင်း လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူများဟာ ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသား လေးဦးကို ခွင့်ပြုချက်မရှိဘဲ radio waves အသုံးပြုမှု အပါအဝင် အခြားစွဲချက်များနဲ့ စွဲချက်တင်ထားကြောင်း သိရပါတယ်။ နစကကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ  ဒရုန်းများထုတ်လုပ်ဖို့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို အသုံးပြုနေကြောင်း ဝေဖန်သံများ လည်း ထွက်ပေးလျက်ရှိနေပါတယ်။

မဲဆောက်မြို့မှာ ဖမ်းဆီးရမိတဲ့မြန်မာနိုင်ငံသားတွေဟာ အိမ်ကိုဈေးပေါပေါ နဲ့ ငှားရမ်းထားခြင်းမျိုး မဟုတ် ကြောင်း၊ ၎င်းတို့ဟာ မဲဆောက်မြို့ရှိ အိမ်များကို ဒရုန်းတပ်ဆင်ဖို့၊ ဒရုန်းများထုတ်လုပ်ဖို့ အရင်းမြစ်နေရာများအဖြစ် အသုံးပြုနိုင်အောင် ငှားရမ်းနေထိုင်နေခြင်းဖြစ်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြထားပါတယ်။

စက်တင်ဘာ ၃ ရက်က မြဝတီမြို့ကို ဒရုန်းနဲ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအာဏာပိုင်များဟာ နယ်စပ် ဒေသအနီးရှိ ဒရုန်းအသုံးပြုရာကျေးရွာများကို စုံစမ်းစစ်ဆေးခဲ့ပြီးနောက် Mae Kasa ဒေသကို အိမ်ကိုရှာဖွေခဲ့ရာ ဒရုန်းများ နဲ့ ဒရုန်းတပ်ဆင်ရာမှာ အသုံးပြုတဲ့ပစ္စည်းများကိုတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရွှေနှင့်ပတ်သက်သည့် လုပ်ငန်းလိုင်စင်(၅)မျိုးအတွက် ထောက်ခံချက်များကို YGEA က အခမဲ့ထုတ်ပေး

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved