၂ဝ၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် အလာလာများနေကြောင်း USDP ပါတီတာဝန်ရှိသူတစ်ဦး သုံးသပ်
ဂျန်ဇက် (NSS) – စက်တင်ဘာ ၆
မြန်မာနိုင်ငံအနေဖြင့် လာမည့် ၂ဝ၂၅ ခုနှစ် အစောပိုင်းတွင် ရွေးကောက်ပွဲကျင်းပရန်အလားလာများနေကြောင်း၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ပါတီတာဝန်ရှိသူတစ်ဦး က သုံးသပ်ပြောဆိုလိုက်ကြောင်း သိရသည်။
USDP ပါတီတာဝန်ရှိသူတစ်ဦးက "ရွေးကောက်ပွဲဟာ ၂ဝ၂၅ ခုနှစ်အတွင်း ကျင်းပဖို့ အလားလာများနေပါတယ်။ အစိုးရဟာ ၂ဝ၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူသွားမယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေ များနဲ့ နိုင်ငံတဝှမ်း သန်းခေါင်စာရင်းကောက်ယူရမယ့်အခြေအနေများကြောင့် လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ မဖြစ်နိုင်သေးဘူး" ဟု ပြောသည်။
USDP ပါတီတာဝန်ရှိသူတစ်ဦးသည် ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိခဲ့ကြောင်း AFP သတင်းဌာနက ဖော်ပြထားသည်။ ရွေးကောက်ပွဲကော်မရှင်က ၎င်းတို့ အနေဖြင့် လက်ရှိအချိန်တွင် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်နိုင်ရန် နိုင်ငံရေးပါတီပေါင်း ၃၆ ပါတီကို မှတ်ပုံတင် ခွင့်ပြုထားပြီးဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမည့်အချိန်ကို ထုတ်ဖော်ပြောဆိုခြင်းမျိုးမရှိ ကြောင်း သိရသည်။
ခွင့်ပြုထားသောနိုင်ငံရေးပါတီ ၃၆ ပါတီအနက် ၇ ပါတီက တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ယှဉ်ပြိုင်မည့်ပါတီများ ဖြစ်ပြီး ၂၉ ပါတီက ပြည်နယ် (သို့မဟုတ်) တိုင်းဒေသကြီးတွင်သာ ပါဝင်ယှဉ်ပြိုင်မည့်ပါတီများဖြစ်ကြောင်း သိရသည်။ ရွေးကောက်ပွဲကော်မရှင်သည် နိုင်သူအကုန်ယူစနစ် first-past-the-post system ကို ဖျက်သိမ်းထားပြီး လာမည့်ရွေးကောက်ပွဲတွင်အချိုးကျ ကိုယ်စားပြုစနစ် proportional representation system ကို အသုံးပြုသွား မည်ဖြစ်ကြောင်း ဆိုသည်။
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက ၎င်းတို့ပါတီအနေဖြင့် အနာဂတ်တွင်ကျင်းပလာဖွယ်ရှိနေသည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း ပြောသည်။ USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီက " ခြိမ်းခြောက်တာမျိုးတွေရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ပါတီကတော့ ရှေ့ကိုပဲ ဦးတည်နေတယ်။ လက်ရှိအချိန်ဟာ ကျွန်တော်တို့ပါတီအတွက် တွန်းအားပေးလုပ်ဆောင်နေတဲ့အချိန်မျိုးဖြစ်ပါတယ်" ဟု ပြောသည်။
အမေရိကန်အစိုးရသည် SAC အဖွဲ့က ဦးဆောင်ကျင်းပမည့်ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်ထားသော်လည်း ရုရှားနိုင်ငံက မြန်မာနိုင်ငံတွင်ရွေးကောက်ပွဲကျင်းပမည့်ကိစ္စကို အားပေးထောက်ခံထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆက်သွယ်ရေးနှင့် အွန်လိုင်းကို အသုံးပြုကာ လိမ်လည့်နေသည့်ဂိုဏ်းများကို တရုတ် နှင့် မြန်မာရဲတပ်ဖွဲ့တို့ ပူးပေါင်းဖြိုခွင်း
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ