အာဆီယံအနေနဲ့ မြန်မာနိုင်ငံရေးအခက်အခဲကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ 'Troika' model အစီအစဉ်ပုံစံမျိုးနဲ့ ချဉ်းကပ်လုပ်ဆောင်ဖွယ်ရှိနေ
ဂျန်ဇက် (NSS) - စက်တင်ဘာ ၆
အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံချဉ်းကပ်တဲ့ပုံစံမျိုးလုပ်ဆောင်ဖို့ သဘောတူညီခဲ့တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံရဲ့အခက်အခဲပြဿနာတွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သက်တမ်းတစ်ခုအတွင်း အပြီးသတ် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အလားလာနည်းတာကြောင့်အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းကိုင်တွယ်မယ့် 'troika' model အစီအစဉ်ကို အာဆီယံခေါင်းဆောင်တွေသဘောတူညီခဲ့ကြောင်း သိရပါတယ်။
အဲဒီအစီအစဉ်ကို အကောင်အထည်ဖော်မယ်ဆိုရင် အာဆီယံအလှည်ကျဥက္ကဋ္ဌဟောင်း၊ အာဆီယံအလှည့်ကျ လက်ရှိဥက္ကဋ္ဌအပြင် လာမယ့် အာဆီယံအာဆီယံအလှည့်ကျဥက္ကဋ္ဌ နိုင်ငံတို့ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ၂ဝ၂၁ ခုနှစ်နောက်ပိုင်းတည်းက မြန်မာအရေးကိုဖြေရှင်းနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြည်တွင်းစစ် အတွင်း ပဋိပက္ခမှာ ပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့ သုံးနိုင်ငံ ပူးတွဲကိုင်တွယ်တဲ့အစီအစဉ်ကို လုပ်ဆောင်ခဲ့ဖူးတယ် လို့ သိရပါတယ်။
ဒါ့အပြင် အာဆီယံခေါင်းဆောင်များတွေဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံ ဦးဆောင်မှုနဲ့ မြန်မာအရေး တရားဝင် တွေ့ဆုံဆွေးနွေးမှု၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုစတဲ့ ပုံစံနဲ့ချဉ်းကပ်မှုမျိုးကို လက်ခံဖို့လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရေးအခက်အခဲကို ဖြေရှင်းနိုင်အောင် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများဖြစ်လာစေဖို့၊ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆွေးနွေးမှုတွေ ဆက်လက်လုပ်ကိုင်ရမှာဖြစ်ကြောင်း အာဆီယံခေါင်းဆောင်များရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့အဖွဲ့ အစည်းများနဲ့ ၉ လကျော်အတွင်း အကြိမ်ပေါင်း ၁၄၅ ကြိမ်တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာ့ရေးရာ အခက်အခဲပြဿနာများကိုဖြေရှင်းနိုင်အောင် အမေရိကန် နဲ့ တရုတ်အစိုးရတို့ခေါင်းဆောင်မှုအရည်အသွးပြရမယ်လို့ စင်ကာပူဝန်ကြီးချုပ်တောင်းဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း