Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြောက်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ဖွယ်ရှိနေဟု ရုရှားစစ်ဘက် ပြော

Pika (NSS) - စက်တင်ဘာ ၅ 

ရုရှားသည် မြောက်ကိုရီးယားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်အတွက် ဆွေးနွေးနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက စက်တင်ဘာလ(၄)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

မြောက်ကိုရီးယား နှင့် ရုရှားနိုင်ငံကြား စစ်ရေးအရ ဆက်ဆံရေးများ ပိုမိုတိုးမြှင့်လာမည်ကို စိုးရိမ်မိကြောင်း အမေရိကန်ဖက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ဆာဂေးရှိုဂူက ယခုကဲ့သို့ ထုတ်ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူ က "ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို လုပ်ဆောင်သွားမှာပါ။ မြောက်ကိုရီးယားက ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံပါပဲ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ငြိမ်းချမ်းစွာနေထိုင်တာမျိုးက ပိုကောင်းပါတယ်" ဟု ပြောခဲ့သည်။ 


ထို့အပြင် နှစ်နိုင်ငံကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ရန်အတွက် ဆွေးနွေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်နေကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။ ရုရှား၊ တရုတ် နှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်သင့်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းကို ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူက အဆိုပြုပြောကြားခဲ့ကြောင်း တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီများက ပြောကြားခဲ့သည်။

ဆာဂေးရှိုဂူသည် ပြီးခဲ့သည့်ဇူလိုင်လက မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပခဲ့သော ကိုရီးယားစစ်ပွဲပြီးဆုံးခြင်း နှစ်(၇ဝ)ပြည့်မြောက် နှစ်ပတ်လည်နေ့တွင်  မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

မကြာသေးမီကာလအတွင်း ရုရှား နှင့် မြောက်ကိုရီးယားတို့သည် နှစ်နိုင်ငံကြား စစ်ရေးအရဆက်ဆံမှုများကို ပိုမို နီးကပ်စွာ လုပ်ဆောင်ရန် သဘောတူညီခဲ့သော်လည်း ရုရှားနိုင်ငံနှင့် လက်နက်ဆိုင်ရာသဘောတူညီချက်များ သဘောတူထားခြင်းမျိုးမရှိကြောင်း မြောက်ကိုရီးယားဖက်က ပြောထားသည်။


မကြာသေးမီက အမေရိကန်သည် မြောက်ကိုရီးယား နှင့် ရုရှားတို့ကြား လက်နက်ဆိုင်ရာ သဘောတူညီချက်များ ရှိသည်ဟု စွပ်စွဲခံထားရသော အဖွဲ့အစည်းသုံးခုအပေါ်  ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယား နှင့် ရုရှားနိုင်ငံကြား လက်နက်ဆိုင်ရာဆွေးနွေးမှုများ ပြန်လည်အရှိန်မြင့်လာမည်ကို စိုးရိမ်မိကြောင်း အမေရိကန်အစိုးရက ပြီးခဲ့သည့်သီတင်းပတ်တွင် ထုတ်ပြန်ထားသည်။ ထို့အပြင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းသည် ရုရှားသမ္မတပူတင် နှင့် ယခုလအတွင်း တွေ့ဆုံနိုင်ရန် မျှော်လင့်နေပြီး နှစ်နိုင်ငံကြား လက်နက်ဆိုင်ရာသဘောတူညီချက်များကို ဆက်လက်ဆွေးနွေးသွားနိုင်ဖွယ်ရှိနေသည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ(၄)ရက်တွင် ဝေဖန်ခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရည်းစားဟောင်းကို ရိုက်နှက်ခဲ့ခြင်းမျိုးမရှိကြောင်း မန်ယူတောင်ပံကစားသမားအန်တိုနီ ပြော

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved