ရည်းစားဟောင်းကို ရိုက်နှက်ခဲ့ခြင်းမျိုးမရှိကြောင်း မန်ယူတောင်ပံကစားသမားအန်တိုနီ ပြော
Pika (NSS) - စက်တင်ဘာ ၅
မန်ယူအသင်းတောင်ပံကစားသမား အန်တိုနီသည် ၎င်း၏ ရည်းစားဟောင်းဖြစ်သူ Gabriela Cavallin နှင့်အတူ ရှိနေစဉ်အချိန်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုမျာား လုပ်ဆောင်ခဲ့သည်ဆိုသည့် Gabriela Cavallin ၏ စွပ်စွဲပြောဆိုချက်များကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ထို့အပြင် Gabriela Cavallin ၏ စွပ်စွဲပြောဆိုချက်များနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း သက်သေပြသွားမည်ဟု အန်တိုနီက အခိုင်အမာပြောဆိုခဲ့သည်။ အန်တိုနီသည် Gabriela Cavallin ကိုယ်ဝန်ရှိနေစဉ်အချိန် အပါအဝင် ၎င်းတို့နှစ်ဦး ချစ်ကြိုက်နေသည့်အချိန်အတွင်း ကိုယ်ထိလက်ရောက်ကျူးလွန်မှုများ လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Gabriela Cavallin ၏ စွပ်စွဲပြောဆိုချက်များသည် မှားယွင်းသော ပြောဆိုချက်များသာဖြစ်ပြီး ၎င်းအပေါ်တွင် ကိုယ်ထိလက်ရောက်ကျူးလွန်မှုများမရှိခဲ့ကြောင်း အန်တိုနီက ပြန်လည်တုံ့ပြန်ခဲ့သည်။
အန်တိုနီက "ဒါဟာ မှားယွင်းတဲ့ စွပ်စွဲပြောဆိုချက်တွေပဲဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။ ဒီကိစ္စကို ရဲတပ်ဖွဲ့နဲ့အတူ ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အချို့အချက်တွေကြောင့် လူသိရှင်ကြား ထုတ်ပြောလို့မရတာတွေ ရှိပါတယ်။ ဒီစွပ်စွဲပြောဆိုချက်တွေဟာ မှားယွင်းတဲ့ပြောဆိုချက်တွေပဲဖြစ်ပြီး ကျွန်တော့် မှာ အပြစ်မရှိကြောင်း သက်သေပြသွားမှာပါ။ Gabriela Cavallin နဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးဟာ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ နှစ်ယောက်လုံးက ငြင်းခုန်ပြောဆိုတာမျိုးတွေရှိခဲ့ပေမယ့် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော့်အပေါ်စွပ်စွဲချက်တွေကို ဖြေရှင်းဖို့အတွက် ဘရာဇီး အာဏာပိုင်တွေနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမှာပါ။ ရဲတပ်ဖွဲ့တွေရဲ့စုံစမ်းစစ်ဆေးမှုတွေက ကျွန်တော် အပြစ်ကင်းစင်တယ်ဆိုတာကို ပြသနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဖဂန်နစ္စတန်နိုင်ငံတွင် စွန့်ပစ်ခဲ့သော အမေရိကန်ထုတ်လက်နက်များ စစ်သွေးကြွအဖွဲ့များ လက်ထဲသို့ရောက်ရှိနေဟု ပါကစ္စတန်အစိုးရပြော
RELATED POSTS
01 Aug 2024 | အားကစား,နိုင်ငံတကာ
30 Jul 2024 | အားကစား,နိုင်ငံတကာ
07 Jul 2024 | အားကစား,နိုင်ငံတကာ