Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပရန်လိုအပ်လာပါက အသုံးပြုနိုင်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို UEC က နိုင်ငံရေးပါတီများအား ရှင်းလင်းပြသ

မျိုးကြီး (NSS) - စက်တင်ဘာ ၅

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများ ကျင်းပရန်လိုအပ်လာပါက အသုံးပြုနိုင်မည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို UEC က နိုင်ငံရေးပါတီများအား ရှင်းလင်းပြသခဲ့သည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ယနေ့(စက်တင်ဘာလ ၅ ရက်)တွင် ရန်ကုန်မြို့ရှိ အစိုးရအဖွဲ့ရုံး၌ နိုင်ငံရေးပါတီ(၃၆)ပါတီကို ဖိတ်ကြားကာ မဲပေးစက်နှင့်ပတ်သက်၍ လက်တွေ့စမ်းသပ်ရှင်းလင်းပြသခဲ့သည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို လက်ရှိ နစက၏ ရွေးကောက်ပွဲကော်မရှင်က တီထွင်ဖန်တီးထားခြင်းဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ယင်းမဲပေးစက်ကို အသုံးပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်လာနိုင်သော ကြားဖြတ်ရွေးကောက်ပွဲများတွင်လည်း မဲလက်မှတ်ရိုက်စရာမလိုသည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကိုလည်း အသုံးပြုနိုင်ကြောင်း ကော်မရှင်က ရှင်းလင်းပြောကြားခဲ့သည်။

“နောက်တစ်ခုက ဥပဒေပြုလွှတ်တော်တွေ ပေါ်ပေါက်လာပြီ။ ပေါ်ပေါက်လာတဲ့အခါကြရင် ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ကိစ္စတွေရှိလာပြီ။ ပြင်ဆင်မယ်၊ ဆွေးနွေးမယ်၊ ဆုံးဖြတ်မယ်၊ အတည်ပြုလိုက်တယ်။ အတည်ပြုလိုက်တဲ့အခါမှာ အဲဒီပုဒ်မတွေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ဖို့ လိုအပ်လာရင်ဆိုတဲ့အခါကြရင် ကျွန်တော်တို့သည် မဲလက်မှတ်ရိုက်စရာမလိုပါဘူး။ တစ်နိုင်ငံလုံးမှာ ဒီစက်ကို အသုံးပြုပြီးတော့မှ ဆန္ဒခံယူပွဲ လုပ်လို့ရပါတယ်” ဟု ရွေးကောက်ပွဲကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး ဦးညီညီလွင်က ပြောသည်။

အလားတူ ရွေးကောက်ပွဲကော်မရှင်က တီထွင်ထားသော မဲပေးစက်သည် စည်ပင်ရွေးကောက်ပွဲများတွင်လည်း အသုံး ပြုနိုင်သည့်အပြင် မည်သည့်ရွေးချယ်တင်မြှောက်မှုလုပ်ငန်းများတွင်မဆို အသုံးပြုနိုင်ကြောင်းလည်း ဦးညီညီလွင်က ဆက်လက်ပြောသည်။

ကော်မရှင်ဘက်က တီထွင်ထားသည့် မြန်မာအီလက်ထရွန်နစ်မဲပေးစက်သည် ယုံကြည်ရလောက်သည့်အနေအထားရှိကြောင်း ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မှတ်ချက်ပြုထားသည်။

“ကျွန်တော် ထင်တယ်။ ယုံကြည်နိုင်လောက်တဲ့ အနေအထားရှိနိုင်တယ်။ ခလုတ်ကလေးနှိပ်တာနဲ့ အဖြေက ပရင့်ထုတ်ပြီး တစ်ခါတည်းထွက်လာတယ်။ မဲဆန္ဒနယ်နဲ့ပတ်သက်လို့ တိုင်ကြတောကြတယ် ဆိုတဲ့အခါမှာ စက်ကြီးမှာရှိတဲ့ ပရင့်ထုတ်ထားတဲ့ မဲပေးထားတဲ့ဟာကို ပြန်ရေလို့ရတာကို။ ဒါကြီးက အမှားမရှိနိုင်ဘူး။ လူ(၁၀၀)မဲပေးရင် (၁၀၀)သော မဲသည်ထွက်နေမှာ။ ဒါပေမယ့် မိမိဆန္ဒမှာ ပန်းသီးပါတီကို ရည်မှန်းထားပေမယ့်လို့ ခလုတ်မှားပြီးတော့ ငရုပ်ပွသီးပါတီကို နှိပ်မိရင် ငရုပ်ပွသီးပဲရသွားမှာ။ အဲဒီတစ်ခုကို ဘယ်လိုရှင်းမှာလဲပေါ့”ဟု  ဒေါက်တာအေးမောင်က ပြောသည်။

သို့သော် အစိုးရတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများအနေဖြင့် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူလူထုအကြား အသိ ပညာကို ထိထိရောက်ရောက်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက အကြံပြုတိုက်တွန်းထားသည်။

မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို အသုံးပြုမဲပေးရာတွင် တစ်နာရီအတွင်း မဲဆန္ဒရှင်(၂၀၀)ခန့် မဲပေးနိုင်ကြောင်း သိရပြီး မဲရလဒ်များကိုလည်း အချိန်အတိုအတွင်း ကြေညာနိုင်ကြောင်း ကော်မရှင်ဘက်က အသိပေးထားသည်။

ယနေ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ကျင်းပသည့် မဲပေးစက်ရှင်းလင်းပွဲတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးအား မီဒီယာများက ရွေးကောက်ပွဲကျင်းပနိုင်မည့်အချိန်ကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ဟုဆို

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved