Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ အာဆီယံခေါင်းဆောင်များ ဆုံးဖြတ်ခဲ့ဟုဆို

ဂျန်ဇက် (NSS) - စက်တင်ဘာ ၅ 

အာဆီယံအဖွဲ့ခေါင်းဆောင်များဟာ မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပြုဖို့ ဆုံးဖြတ်လိုက်ကြောင်း၊ အာရှရေးရာသံတမန်တစ်ဦး နဲ့ အာဆီယံဒေသအတွင်း ခေါင်းဆောင်တစ်ဦး က ပြောပါတယ်။ 

အာဆီယံအဖွဲ့ရဲ့ကြိုတင်အစီအစဉ်များထဲမှာ မြန်မာနိုင်ငံဟာ ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေများကြောင့် အခုလိုမျိုး ဆုံးဖြတ်ခဲ့ရတာမျိုးဖြစ်တယ် လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂ဝ၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအစား အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ သဘောတူညီခဲ့ကြောင်း သိရပါတယ်။ 

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာက ၎င်းတို့နိုင်ငံအနေနဲ့ ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ အဆင့်သင့်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 


ဖိလစ်ပိုင်သမ္မတက "၂ဝ၂၆ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ရယူဖို့ အဆင်သင့် ရှိနေတယ်လို့ သတင်းထုတ်ပြန်လိုက်ရတာဟာ ပျော်ရွှင်စရာကောင်းပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံအသိုက် အဝန်းတည်ဆောက်မှု ဖောင်ဒေးရှင်းခိုင်မာအောင် လုပ်ဆောင်သွားဖွယ်ရှိနေပါတယ်"  လို့ ပြောပါတယ်။

အာဆီယံသံတမန်နှစ်ဦးက မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေအနေများအပြင် အမေရိကန်၊ ဥရောပသမဂ္ဂအပြင် အခြားနိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ရဲ့ဆက်ဆံရေးများကြောင့် မြန်မာနိုင်ငံကို ၂ဝ၂၆ ခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခွင့်မပေးဖို့ ဆုံးဖြတ်ခဲ့တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂ နဲ့ အာဆီယံမိတ်ဖက်နိုင်ငံအချို့ဟာ နစကကို အစိုးရအဖြစ် အသိအမှတ်ပြုထားခြင်း မျိုးမရှိကြောင်း အာဆီယံသံတမန်တစ်ဦးက ပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာကိုယ်စားပြုအဖြစ် တက်ရောက်တဲ့ ကိုယ်စားလှယ်မရှိဘဲ မြန်မာထိုင်ခုံ အလွတ်ထားပြီး မြန်မာအရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်နေတာမျိုးလည်းဖြစ်ပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ယနေ့ စက်တင်ဘာလ ၅ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့်ပြည်ပက သတင်းအချို့

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved