တောင်ကိုရီးယားအစိုးရက ရာသီချိန်လုပ်သားအဖြစ်လုပ်ကိုင်မည့် နိုင်ငံခြားသားများ နေထိုင်ခွင့်ကာလကို (၈)လအထိ တိုးမြှင့်ပေး
ဂျန်ဇက် (NSS) - စက်တင်ဘာ ၅
တောင်ကိုရီးယားအစိုးရသည် ကျေးလက်ဒေသများတွင် လုပ်သားလိုအပ်ချက်များကို အထောက်ပံ့ဖြစ်စေရန်အတွက် နိုင်ငံခြားသား ရာသီချိန်လုပ်သားများ၏ နေထိုင်ခွင့်ကို (၈)လအထိ သက်တမ်းတိုးပေးခဲ့ကြောင်းသိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးရာသီကာလသည် အလုပ်များသည့် ကာလဖြစ်ရာ လုပ်သားလိုအပ်ချက်များမြင့်တက်လျက်ရှိနေပြီး လုပ်သားလိုအပ်ချက်အခက်အခဲကိုဖြေရှင်းနိုင်ရန်အတွက် တောင်ကိုရီးယားအစိုးရက ရာသီချိန်လုပ်သားခေါ်ယူမှုစနစ်ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နေကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရသည် ရာသီချိန်လုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ယခင်က (၅)လသာနေထိုင်ခွင့်ပြုခဲ့ရာ လက်ရှိအချိန်တွင် (၈)လအထိ နေထိုင်ခွင့်သက်တမ်းတိုးပေးခဲ့ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံတွင် ရာသီချိန်လုပ်သားအဖြစ်လာရောက်လုပ်ကိုင်သူများကို ငါးနှစ်ကျော်အထိ လုပ်ကိုင်ခွင့်ပေးသွားရန် သတ်မှတ်ထားကြောင်းသိရသည်။
တောင်ကိုရီးယားအစိုးရသည် ကျေးလက်ဒေသများတွင် အလုပ်သမားလိုအပ်ချက်ကိုဖြေရှင်းနိုင်ရန်အတွက် ရာသီချိန်လုပ်သားခေါ်ယူမှုများကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံ၏ကျေးလက်ဒေသများတွင် စိုက်ပျိုး၊ ရိတ်သိမ်းချိန်ကာလအတွင်းအလုပ်များသည့်အတွက် နိုင်ငံခြားသားအလုပ်သမားများကို ရာသီချိန်လုပ်သားခေါ်ယူမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားနိုင်ငံ North Chungcheong ပြည် နယ် Goesan-gun ဒေသတွင် ရာသီချိန်လုပ်သားခေါ်ယူမှုစတင်ချိန်က နိုင်ငံခြားသား (၁၉)ဦးသာခေါ်ယူခဲ့သော်လည်းလက်ရှိအချိန်တွင် ရာသီချိန်အလုပ်သမား (၄၀၀၀၀)ကျော်ရှိနေကြောင်းသိရသည်။
တောင်ကိုရီးယားနိုင်ငံတွင် ရာသီချိန်လုပ်သားများကို နေထိုင်ခွင့် (၅)လသာသတ်မှတ်ခဲ့ရာ အခက်အခဲပြဿနာများရှိနေခဲ့ကြောင်းသိရသည်။ စိုက်ပျိုးရေးလုပ်ကွက်တစ်ခုတွင် အပင်စိုက်ပျိုး၊ ရိတ်သိမ်းမှုသည်အနည်းဆုံး (၆)လကြာရာ ကျန်ရှိသောလများအတွက် အခြားအလုပ်သမားများကိုထပ်မံခေါ်ယူမှုများရှိခဲ့ကြောင်းသိရသည်။ ထို့အတွက်ကြောင့် တောင်ကိုရီးယားအစိုးရသည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့်ညှိနှိုင်းပြီး တောင်ကိုရီးယားတွင်ရာသီချိန်လုပ်သားအဖြစ်ခေါ်ယူခံရသူများကို (၈)လအထိ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နစက၊ NUG အပါအဝင် မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့အကြိမ်ပေါင်း (၁၄၅)ကြိမ်ဆက်သွယ်ဆွေး နွေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ