နစက၊ NUG အပါအဝင် မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းများနဲ့အကြိမ်ပေါင်း (၁၄၅)ကြိမ်ဆက်သွယ်ဆွေး နွေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၅
မြန်မာ့နိုင်ငံရေးအခက်အခဲကိုဖြေရှင်းနိုင်ဖို့အတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေဟာ (၉)လကျော်အတွင်း နစက အပါအဝင် မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့အဖွဲ့အစည်းတွေနဲ့ အကြိမ်ပေါင်း (၁၄၅)ကြိမ်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနေရာ သတင်းထောက်များနဲ့တွေ့ဆုံချိန်အတွင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါကဲ့သို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက "အာဆီယံအဖွဲ့က ဆောင်ရွက်သမျှ စေ့စပ်ဆွေးနွေးမှုတွေထဲမှာ အပြင်းထန်ဆုံး နဲ့ အကျယ်ပြန်ဆုံး ထိတွေ့မှုလည်းဖြစ်စေခဲ့ပါတယ်။ ကျွန်မတို့ဟာ မြန်မာနိုင်ငံရေးမှာပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့အကြိမ်ပေါင်း ၁၄၅ ကြိမ် ထိတွေ့ဆွေးနွေးထားပါတယ်"လို့ပြောပါတယ်။
မြန်မာ့နိုင်ငံရေး အငြင်းပွားမှုများကိုဖြေရှင်းနိုင်ဖို့ လိုက်လျောညီထွေတဲ့ပုံစံမျိုးနဲ့ စေ့စပ်ဆွေးနွေးမှုများကိုအရှိန်မြှင့်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ အာဆီယံသဘောတူညီချက်ငါးချက်ဟာ မြန်မာနိုင်ငံရေး အငြင်းပွားမှုများကိုဖြေရှင်းနိုင်အောင် အဓိက ရည်ညွှန်းစရာအဖြစ် ဆက်ရှိသွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ကိုင်တွယ်ဖြေရှင်းရာမှာ ရေရှည်တည်တံမှုရှိဖို့လိုအပ်တယ်လို့ ခံစားမိကြောင်း ၎င်းကပြောပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဟာ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်မှုများကို လုပ်ဆောင်သွားမှာဖြစ်ပြီး အာဆီယံခေါင်းဆောင်များကို အကြံပြုချက်ပေးနိုင်ဖို့ ပြင်ဆင်နေကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့်ပြည်ပက ၂၄ နာရီအတွင်း သတင်းများအား စုစည်းတင်ဆက်ခြင်း
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း