Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဝင်ရောက်ခြင်းကို တားဆီးရန်အတွက် နယ်စပ်တံတိုင်းတစ်ခု တည်ဆောက်မည်ဟု အစ္စရေးဝန်ကြီးချုပ်ပြော

Pika (NSS) - စက်တင်ဘာ ၄

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းနေထိုင်သူများ ဝင်ရောက်လာမှုကို တားဆီးရန် အတွက် ဂျော်ဒန်နိုင်ငံ နှင့် နယ်နိမိတ်ချင်းထိစပ်နေသော အရှေ့ဘက်နယ်စပ်တစ်လျှောက်တွင်  တံတိုင်းတစ်ခုတည်ဆောက်ရန် ကတိပြုခဲ့ကြောင်း သိရသည်။ 

အာဖရိကတိုက်မှ ခိုလှုံခွင့်တောင်းခံသူများ အစ္စရေးနိုင်ငံသို့ ဝင်ရောက်လာခြင်းနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေချိန်တွင် နေတန်ရာဟုက ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။


၎င်းက "ကျွန်တော်တို့ရဲ့တောင်ပိုင်းနယ်စပ်မှာ တံတိုင်းတွေဆောက်ခဲ့ပြီး နိုင်ငံအတွင်းကို ရွှေ့ပြောင်းနေထိုင်သူတွေ ဝင်ရောက်လာတာကို ရပ်တန့်နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့နိုင်ငံကို ပျက်စီးစေမယ့် အာဖရိကတိုက်က ကျူးကျော်ဝင်ရောက်သူ တစ်သန်းခန့်ကိုလည်း တားမြစ်နိုင်ခဲ့ပါတယ်။ အခုတော့ ဂျော်ဒန်နိုင်ငံ နယ်နိမိတ်နဲ့ ထိစပ်နေတဲ့ အရှေ့ဘက်နယ်စပ်တစ်လျှောက်မှာ တံတိုင်းတစ်ခုတည်ဆောက်ပြီး ကျူးကျော်ဝင်ရောက်သူတွေ မရှိ အောင် လုပ်သွားမှာပါ" ဟု ပြောခဲ့သည်။ 

Eritrea နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများ ပါဝင်သည့် အဓိကရုဏ်းတစ်ခုကို တုံ့ပြန်ရန်အတွက် အစ္စရေးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အထူးအစည်းအဝေးကို Tel Aviv မြို့တွင် ကျင်းပပြီးနောက် နေတန်ရာဟုက ယခုကဲ့သို့ ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။ ယခုသီတင်းပတ်အကုန်တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှုတွင် ပါဝင်ပတ်သက် သည့် နိုင်ငံခြားသားများ နှင့် အာဖရိကမှ ရွှေ့ပြောင်းနေထိုင်သူများကို ပြည်နှင်ဒဏ်ပေးမည့် အစီအစဉ်အသစ်များ ကိုလုပ်ဆောင်ရန် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို နေတန်ရာဟုက ညွှန်ကြားခဲ့ကြောင်း သိရသည်။ 


နေတန်ရာဟု က "ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်တွေကို ကာကွယ်သွားမှာပါ။ ကျွန်တော်တို့နိုင်ငံကို ကာကွယ်သွား မှာပါ" ဟု ပြောခဲ့သည်။ စက်တင်ဘာလ(၂)ရက်က Tel Aviv မြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုတွင် ပါဝင်ခဲ့ သည့် Eritrea နိုင်ငံမှ ရွှေ့ပြောင်းနေထိုင်သူများအတွက် ပြင်းထန်သောအစီအစဉ်များ လုပ်ဆောင်ရန် နေတန်ရာဟုက ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

အဆိုပါအကြမ်းဖက်မှုအတွင်း ဆူပူအုံကြွသူများသည် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြင့် ဆိုင်များ၏ ပြတင်းပေါက် များကို ဖျက်ဆီးခြင်း နှင့် ကားများကို ဖျက်ဆီးခြင်းတို့လုပ်ဆောင်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ဒါဇင်ချီ ထိခိုက်ဒဏ်ရာ ရရှိခဲ့ သလို အခြားလူပေါင်း(၁၅ဝ)ကျော်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

လက်နက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအပါအဝင် ဥပဒေပေါင်း (၁၅၆)ခုကို နစကလက်ထက်၌ ပြဋ္ဌာန်းထား

RECENT POSTS
မြန်မာနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေကသာ ငြိမ်းချမ်းရေးရဖို့တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ဘုန်းတော်ကြီး ကာဒီနယ်ချားလ်စ်မောင်ဘို ပြော
19 Oct 2024
ကျောက်ဆည်မြို့နယ်တွင် ရွာဦးစေတီသို့ ဆီမီးပူဇော်ရန်သွားသည့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
19 Oct 2024
အာဆီယံနိုင်ငံများကို တောင်တရုတ်ပင်လယ်အရေးအတွက် ပိုမိုပြောဆိုရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တောင်းဆို
19 Oct 2024
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို PDF အဖွဲ့က ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်
19 Oct 2024
မြောက်ကိုရီးယားစစ်သားများ ရုရှားဘက်မှ ပါဝင်တိုက်ခိုက်မည်
19 Oct 2024
TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ ထပ်မံ ဗုံးကြဲခံရ
19 Oct 2024
မဟာအောင်မြေမြို့နယ်တွင် SUZUKI SWIFT ကားပေါ်မှ ငွေကျပ်သိန်း(၃၅၀)တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
19 Oct 2024
ပိုင်နက်နယ်မြေ ချိုးဖောက်မှုတွေ ထပ်ရှိလာမယ်ဆိုရင် စစ်ကြေညာတော့မယ်လို့ တောင်ကိုရီးယားကို မြောက်ကိုရီးယားခြိမ်းခြောက်
19 Oct 2024
မီးရထားလက်မှတ်ခနှုန်းထားများကို တိုးမြှင့်ကောက်ခံသွားမည်
19 Oct 2024
နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ယူကရိန်းကို ရုရှားအစိုးရသတိပေး
19 Oct 2024
မြို့ပြများတွင် အကြမ်းဖက်မှုများလျော့နည်းစေရန် စနစ်တကျစစ်ဆေးရန်လိုကြောင်း အကြံပြု
19 Oct 2024
ဘရာဇီးမှာကျင်းပမယ့် G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတပူတင် ပြော
19 Oct 2024
EV ခရီးသည်တင်ယာဥ်များ နှင့် တက္ကစီများ၏ အားသွင်းခနှုန်းထားများကို ဦးစားပေးအနေဖြင့် လျှော့ပေါ့ပေးသင့်ကြောင်း အကြံပြုမှုများရှိလာ
19 Oct 2024
တောင်ကိုရီးယား အဆိုတော် ဂျက်ဆီ ပရိသတ်ကို စော်ကားမှု စွပ်စွဲချက်တွေကြောင့် အေဂျင်စီမှ နုတ်ထွက်
18 Oct 2024
Coca-Cola ရဲ့ Zero Sugar လီမွန်နိတ်မှာ Full Sugar version စစ်ဆေးတွေ့ရှိရတာကြောင့် အချိုရည်ပုလင်း ထောင်ပေါင်းများစွာ ပြန်လည်သိမ်းဆည်း
18 Oct 2024
ထိုင်ဝမ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များကို သတိထားကိုင်တွယ်ရန် အိန္ဒိယကို တရုတ်တိုက်တွန်း
18 Oct 2024
ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် BRICS အဖွဲ့ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံပေါင်း (၂၄ ) နိုင်ငံမှ ခေါင်းဆောင်များတက်ရောက်မည်
18 Oct 2024
ဘင်္ဂလားဒေ့ရှ်တရားရုံးက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာကို ဖမ်းဝရမ်းထုတ်
18 Oct 2024
မုံရွာမြို့တွင် aircon ရှောခ့်ဖြစ်ရာမှ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
18 Oct 2024
ရှေးဟောင်းဗိသုကာလက်ရာတွေအပြင် အထင်ကရအဆောက်အအုံများစွာရှိတဲ့ ဟန်ဂေရီမြို့တော် ဘူဒါပတစ်အကြောင်း
18 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved