Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
လက်နက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအပါအဝင် ဥပဒေပေါင်း (၁၅၆)ခုကို နစကလက်ထက်၌ ပြဋ္ဌာန်းထား

မျိုးကြီး (NSS) - စက်တင်ဘာ ၄

လက်နက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများအပါအဝင် ဥပဒေပေါင်း (၁၅၆)ခုကို လက်ရှိ နစကလက်ထက်၌ ပြဋ္ဌာန်းအတည်ပြုထားကြောင်း သတင်းရရှိသည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည့် နစကအစိုးရလက်ထက် ၂၀၂၁ ခုနှစ်အတွင်း ဥပဒေ (၆၃)ခု၊ ၂၀၂၂ ခုနှစ်အတွင်း၌ ဥပဒေပေါင်း (၄၀)နှင့် ယခု ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ဥပဒေ (၅၃)ခုကို ပြဋ္ဌာန်းခဲ့ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနထံမှသိရသည်။

ထို့ကြောင့် လက်ရှိ နစကအစိုးရလက်ထက်အတွင်း၌ ဥပဒေစုစုပေါင်း (၁၅၆)ခုကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ဥပဒေရေးရာဝန်ကြီးဌာနက အသိပေးထားသည်။

နစကအစိုးရလက်ထက် ပြဋ္ဌာန်းခဲ့သော ဥပဒေများ၌ အချို့သော ဥပဒေများကို အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းခြင်းနှင့် အစားထိုးပြင်ဆင်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရသည်။

လက်နက်ဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေအပါအဝင် အခြားသောဥပဒေများကို လက်ရှိ နစကအစိုးရလက်ထက်တွင် ပြဋ္ဌာန်းခဲ့သည်။

လက်နက်သယ်ယူခွင့်၊ လက်နက်ကိုင်ဆောင်ခွင့်၊ တရားဝင် လက်ဝယ်ထားရှိခွင့်တို့နှင့်စပ်လျဉ်း၍ ဥပဒေနှင့်အညီ ထိန်းချုပ်ကြပ်မတ်နိုင်ရန်၊ တရားမဝင်လက်နက်ကိုင်ဆောင်ခြင်းကို တားဆီးကာကွယ်ရန်၊ နိုင်ငံတော်ပိုင်လက်နက်နှင့် ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်နှင့်ခဲယမ်းများကို ခိုးယူခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေ ခြင်းနှင့် ကိုင်ဆောင်ခွင့် မရှိသူတို့အား ပေးအပ်ခြင်းတို့ကို တားဆီးကာကွယ်ရန် ရည်ရွယ်ချက်များဖြင့် လက်နက်ဥပဒေကို ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်အတွင်း လက်နက်သယ်ယူခွင့် သို့မဟုတ် လက်နက်ကိုင်ဆောင်ခွင့်ရရှိရန် လိုင်စင် (သို့မဟုတ်) ခွင့်ပြုမိန့်လျှောက်ထားခြင်းများကို သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားနိုင်ကြောင်း ဥပဒေ၌ ထည့်သွင်း ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

လက်နက်ကို ပြည်ပမှ ဝယ်ယူခွင့်၊ တင်သွင်းခွင့်၊ သယ်ယူခွင့် (သို့မဟုတ်) ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ၊ ပြည်ပသို့ ရောင်းချခွင့်၊ တင်ပို့ခွင့်၊ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ ဥပဒေအရ လျှောက်ထားနိုင်ကြောင်း သိရသည်။

လက်ရှိတွင် နစကအစိုးရအနေဖြင့် ရွေးကောက်ပွဲဥပဒေ၊ ဆန်စပါးဥပဒေအပြင် သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သော ဥပဒေများကို အတည်ပြုပြဋ္ဌာန်းနိုင်ရေး ရေးဆွဲလျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ပန်းတောင်းမြို့နယ်တွင် အမျိုးသားတစ်ဦး နေအိမ်အတွင်း ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွား

RELATED POSTS
RECENT POSTS
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
Euler နံပါတ်ဂဏန်းပေါင်း (၁၄၀ဝဝ)ကို (၄၉)မိနစ်အတွင်း ရွတ်ပြခဲ့ပြီး ဂင်းနစ်စံချိန်သစ်တင်နိုင်ခဲ့တဲ့ အိန္ဒိယအမျိုးသား
19 Sep 2024
မြန်မာပြည်တောင်ပိုင်း လက်နက်ကိုင် တိုက်ပွဲများနှင့် ကြီးမားသော နိုင်ငံတော်အဆင့်စီမံကိန်းများ (အပိုင်း-၁) (ဆောင်းပါး)
19 Sep 2024
အလွန်ကြီးမားတဲ့ထိပ်ဖူးတပ်ဆင်ထားတဲ့ ပဲ့ထိန်းဒုံးကျည်အသစ်တွေကို မြောက်ကိုရီးယားစမ်းသပ်
19 Sep 2024
အုတ်တွင်းမြို့နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းတစ်ခုတွင် လူ(၁၅ဝ)ခန့် အစာအဆိပ်သင့်မှုဖြစ်ပွား
19 Sep 2024
မဟာဓာတ်အားလိုင်းစနစ်တိုးချဲ့ရေးစီမံကိန်းများအတွက် ယခုဘဏ္ဍာနှစ်၌ ကျပ်ဘီလျံ (၂၀ဝ)ကျော် သုံးစွဲရန် လျာထား
19 Sep 2024
ရေကြီးရေလျှံမှုကြောင့် သေဆုံးခဲ့သူများကို တစ်ဦးလျှင် (၈)သိန်းကျပ်ထောက်ပံ့မည်
19 Sep 2024
တောင်ကိုရီးယားတွင် ပြုလုပ်မည့် နိုင်ငံတကာ ငြိမ်းချမ်းရေးညီလာခံတွင်လက်နက်ကိုင်ပဋိပက္ခဖြင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်ဖြစ်လာမည်မဟုတ်ကြောင်း IBEC ဆရာတော် မိန့်ခွန်းပြောမည်
19 Sep 2024
ရေဘေးသင့်ဒေသများသို့ အရေးပေါ်ရောက်ရှိရန်လိုအပ်သည့်ပစ္စည်းများကို ပိုမိုသယ်ယူနိုင်ရေးအတွက် Freighter Flight များကိုပါ ဘန်ကောက်မြို့သို့ သီးသန့်ပြေးဆွဲ သယ်ယူပို့ဆောင်နေဟု MAI ဆို
19 Sep 2024
အီရန်နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးဖို့ ရုရှားသမ္မတပူတင် သဘောတူ
19 Sep 2024
ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက ရေဘေးသင့်ဒေသများအတွက် သွပ်ချပ်ရေ သုံးသောင်းကို သက်သာသောနှုန်းဖြင့် ရောင်းချပေးမည်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved