အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးနဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးဖွယ်ရှိနေဟု စင်ကာပူအစိုးရပြော
ဂျန်ဇက် (NSS) - စက်တင်ဘာ ၄
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၄၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း တောင်တရုတ်ပင်လယ်အရေး နဲ့ မြန်မာအရေးကိုအဓိကထား ဆွေးနွေးသွားမှာဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်း က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ မြေပုံအသစ်ထုတ်ပြန်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နဲ့ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံဟာ တောင်တရုတ်ပင်လယ်မှာ အာဆီယံဒေသအတွင်း နိုင်ငံအချို့ နဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုများရှိနေကြောင်း သိရပါတယ်။
စင်ကာပူဝန်ကြီးချုပ်ရုံးက "အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ မြန်မာအရေးကိစ္စများအပြင် ဒေသအတွင်းကိစ္စ များနဲ့ နိုင်ငံတကာအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးပေးမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ နစက ခေါင်းဆောင်ကို ဖိတ်ကြားခြင်းမျိုးမရှိကြောင်း သိရပါတယ်။ စင်ကာပူဝန်ကြီးချုပ်က "အာဆီယံဟာ မြန်မာနိုင်ငံ နဲ့ ပုံမှန်အတိုင်း ထိတွေ့ဆက်ဆံမှုများ ပြန်လုပ်ဆောင်နိုင်မှာ မဟုတ်သေး၊ အာဆီယံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုက သိသာတဲ့တိုးတက်မှုမရှိသေးဘူး" လို့ မေလတုန်းက ပြုလုပ်ခဲ့ဖူးတဲ့ အာဆီယံထိပ်သီး အစည်းအဝေးမှာ ပြောခဲ့ဖူးပါတယ်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကတော့ "မြန်မာနိုင်ငံရေးအခက်အခဲဖြေရှင်းရေးကို အလွယ်တကူ လုပ်ဆောင်မှာ မဟုတ်ဘူး။ ခက်ခဲရှုပ်ထွေးပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းအတွက် စိုးရိမ်မှုတွေဖြစ်ရပါတယ်" လို့ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရေး အခက်အခဲကို ဖြေရှင်းနိုင်အောင် ကြားဝင်ဆောင်ရွက်မှုအဖြစ် နစကရဲ့နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် ပါဝင်တက်ရောက်တဲ့ အလွတ်သဘောအစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူး ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တန်ပြန်ထိုးစစ်ဆင်မှုများ ရလဒ်မကောင်းတဲ့အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးကိုရာထူးက ထုတ်ပယ်
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ