တန်ပြန်ထိုးစစ်ဆင်မှုများ ရလဒ်မကောင်းတဲ့အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးကိုရာထူးက ထုတ်ပယ်
ဂျန်ဇက် (NSS) - စက်တင်ဘာ ၄
ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ဇွန်လအတွင်း စတင်ခဲ့တဲ့ ရုရှားအပေါ် တန်ပြန်ထိုးစစ်ဆင်မှုများ မျှော်လင့်သလောက် မအောင်မြင်တဲ့အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးအလက်ဆေး ရက်နီကောဗ့်ကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးက ကာကွယ်ရေးဝန်ကြီးနေရာမှာ အသစ်အစားထိုးမှာဖြစ်ကြောင်း စက်တင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယူကရိန်းနိုင်ငံပိုင် ပစ္စည်းစောင့်ရှောက်ထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ Rustem Umerov ကို ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်ဖွယ်ရှိနေကြောင်း သိရပါတယ်။
ယူကရိန်းသမ္မတ က "ကာကွယ်ရေးဝန်ကြီးဌာနဟာ စစ်ဘက်နဲ့ လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ပုံစံအသစ်နဲ့ ချဉ်းကပ်မှုအသစ် ပုံစံမျိုးနဲ့လုပ်ဖို့ လိုအပ်တယ်။ ယူကရိန်းလွှတ်တော်ဟာ ကျွန်တော် အဆိုပြုမယ့် ကာကွယ်ရေးဝန်ကြီးအသစ်ကို ထောက်ခံမယ်လို့ မျှော်လင့်ထားတယ်" လို့ ပြောပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီးအသစ်ဖြစ်လာဖွယ်ရှိနေသူများအဖြစ် သတင်းများထွက်ပေါ်နေသူတွေထဲမှာ ယူကရိန်းအခြေခံအဆောက်အဦး၊ ဝန်ကြီးဌာန ဝန်ကြီး Aleksandr Kubrakov နဲ့ စက်မှုဝန်ကြီး Aleksandr Kamyshin တို့လည်း ပါဝင်နေပေမယ့် ၎င်းတို့နှစ်ဦးဟာ Rustem Umerov လောက် ရေပန်းစားမှုမရှိကြောင်း သိရပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး အလက်ဆေးရက်နီကောဗ့်ဟာ ရုရှားနဲ့ ယူကရိန်းတို့ စစ်ပွဲမဖြစ်ပွားခင် ၂ဝ၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်ကတည်းက ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း သိရပါတယ်။ အလက်ဆေး ရက်နီကောဗ့်ဟာ ယူကရိန်းကာကွယ်ရေးဝန်ကြီးတာဝန်က ထုတ်ပယ်ခံရပြီးနောက် ဗြိတိန်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီးအဖြစ်တာဝန်ပေးခံရဖွယ်ရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းပြည်နယ်ရှိ ကျိုင်းခမ်းရေလှောင်တမံ စီမံကိန်းများပြီးစီးပါက နှစ်စဥ်လျှပ်စစ်စွမ်းအား ၂၄ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လွှတ်နိုင်မည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း