မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူ ၁၃ ဦးထက်မနည်းရှိနေ
NSS - စက်တင်ဘာ ၃
ကရင်ပြည်နယ် မြဝတီမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး Drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ထိခိုက်ဒဏ်ရာရသူများရှိနေကြောင်း ကနဦးသတင်းများအရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၃ ရက်) ည ၆ နာရီ ၄ဝ မိနစ်အချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ခုမှ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား ပထမဦးစွာ Drone ဗုံးနှစ်လုံးဖြင့် ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ခိုက်မှုအပေါ် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် အပါအဝင် ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သွားရောက် စစ်ဆေးစဉ် ည၇နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် လက်နက်ကိုင်အဖွဲ့က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား Drop ဗုံးနှစ်လုံးဖြင့် ထပ်မံပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
"မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးကို ဒီနေ့ည ၆ နာရီ ၄ဝ မိနစ်လောက်မှာ drop ဗုံးနှစ်လုံးကျတယ်။ အဲဒါကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က သွားကြည့်တယ်။ သူသွားကြည့်တဲ့အချိန်မှာ နှစ်လုံး ထပ်ချတယ်။ အဲဒီမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ထိပြီး ဆုံးသွားတယ်။ ခရိုင်ရဲတပ်ဖွဲ့မှူးကလည်း ဒဏ်ရာရသွားတယ်" ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူက NP News ကို ပြောသည်။
ယနေ့ ညပိုင်းတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် စုစုပေါင်း drop ဗုံးလေးလုံးဖြင့် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အခြားသော ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။
ထို့ပြင် ယနေ့ညပိုင်းတွင် မြဝတီမြို့ရှိ အုပ်ချုပ်ရေးမှူးရုံးသည်လည်း drop ဗုံးဖြင့် တိုက်ခိုက်ခံရမှုများ ရှိခဲ့ကြောင်း သိရသည်။
မြဝတီခရိုင်ရဲတပ်မှူးရုံး နှင့် အုပ်ချုပ်ရေးမှူးရုံး drop ဗုံးများဖြင့် တိုက်ခိုက်ခံရမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ထွေအုပ်စာရေး အပါအဝင် ၅ ဦးသေဆုံးခဲ့ပြီး၊ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထပ်မံသိရှိရသည်။ ထိုသို့ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး၊ တပ်မတော်မှ အရာရှိအချို့ နှင့် လုံခြုံရေးအဖွဲ့ဝင်အချို့လည်း ပါဝင်ခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နစက အနေဖြင့် စက်တင်ဘာလ ၃ ရက်၊ ည ၇ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့ခရိုင် ရဲတပ်ဖွဲ့မှူးရုံးအား မြို့၏အနောက်တောင်ဘက် မီတာ ၄ဝဝဝ ခန့်အကွာနေရာမှ KNLA နှင့် PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တို့က ဒရုန်းနှစ်စီးဖြင့် ဗုံးသီး ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးအချို့ ထိခိုက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ လုံခြုံရေးပူးပေါင်းအဖွဲ့မှ ဖြစ်စဉ်နေရာအား သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများမှ ဒရုန်း တစ်စီးဖြင့် ဗုံးသီး ၂ လုံးထပ်မံကြဲချတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် နိုင်ငံ့ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကဘက်က ယနေ့ (စက်တင်ဘာလ ၄ ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးနဲ့ တောင်တရုတ်ပင်လယ်အရေးကိစ္စတွေကို အဓိကထား ဆွေးနွေးဖွယ်ရှိနေဟု စင်ကာပူအစိုးရပြော
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ