Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဘွန်မှာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ရမယ့်အစား ပြည်သူတို့ လမ်းမပေါ်ထွက် အောင်ပွဲခံခဲ့ကြ

Htay Oung  (NSS) - စက်တင်ဘာ ၁

ရေနံကြွယ်ဝတဲ့ အာဖရိကနိုင်ငံရဲ့ကျင်းပပြီးစီးသွားတဲ့ရွေးကောက်ပွဲမှာ သူအနိုင်ရရှိကြောင်း သမ္မတအလီ ဘွန်ဂို_ အွန်ဒင်ဘာက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် နာရီပိုင်းအကြာမှာပဲ ပုန်ကန်သူစစ်သားများက အာဏာသိမ်းယူပြီး သမ္မတကို နေအိမ်အကျယ်ချုပ် ချထားခြင်းဖြင့် ဘွန်ဂိုမိသားစုရဲ့ ၅၅ နှစ်ကြာ အုပ်ချုပ်မှု တတိယအကြိမ် သက်တမ်း တိုးမြှင့်ခြင်းကိုတားဆီးကြောင်း သတင်းထုတ်ပြန်တယ်လို့ Al Jazeera က ဩဂုတ်လ ၃ဝ ရက် ရေးသားခဲ့ပါတယ်။


ထိန်းသိမ်းခံ နေအိမ်မှ လွှင့်တင်ပုံရတဲ့ဗွီဒီယိုမှာ သူ့အပေါ် ထောက်ခံတဲ့အနေနဲ့ ဝိုင်း၀န်းကန့်ကွက်ကြပါရန် သမ္မတ အလီဘွန်ဂိုက တောင်းဆိုပုံကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် ဂါဘွန်လူထုကြီးကတော့ မြို့တော် လစ်ဘရီဗီးလ်ရဲ့ လမ်းများပေါ်မှာ လူရာချီစုရုံးပြီး နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုခြင်းဖြင့် ကန့်ကွက်မယ့်အစား (အာဏာသိမ်းမှု ကိုထောက်ခံကြောင်း) ပြသလိုက်ကြပါတယ်။ 

လက်ရှိသမ္မတ အလီဘွန်ဂိုဟာ နိုင်ငံကို ၄၁ နှစ်ကြာ အုပ်စိုးခဲ့သူ ဖခင် အိုမာ_ဘွန်ဂိုရဲ့အရိုက်အရာကို ၂ဝဝ၉ ခုနှစ်မှာ လွှဲပြောင်းရယူခဲ့ပြီး သမ္မတအဖြစ် နှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ 

လူဦးရေ ၂.၃ သန်းခန့်သာ ရှိတဲ့ အာဖရိအနောက်ပိုင်းနိုင်ငံရဲ့ ပြည်သူအများစုဟာ ဆင်းရဲတွင်းနက်နေကြရပေမယ့် ဘွန်ဂိုမိသားစုကတော့  နိုင်ငံရဲ့သယံဇာတများကို ရယူပြီး စည်းစိမ်ဥစ္စာများ ကြွယ်ဝလာကြတယ်လို့ စွပ်စွဲခြင်း ခံရပါတယ်။ ဒါကြောင့် ဘွန်ဂိုမင်းဆက်ကို ဖြုတ်ချပြီး အာဏာသိမ်းယူခြင်းဟာ နိုင်ငံသားအတော်များများအတွက် အောင်ပွဲခံဖို့ ဖြစ်လာပါတယ်။ 

တစ်ချိန်က ဘုရင့်နိုင်ငံတော်အဖြစ် အထင်အရှားတည်ရှိခဲ့တဲ့ ဂါဘွန်ဟာ ၁၈ ရာစုနှစ်မှာ လူဖြူကျွန်ကုန်ကူးသူ များရဲ့အချက်အချာဖြစ်လာခဲ့ပြီး ၁၈၈၅ ခုနှစ်မှာ ပြင်သစ်တို့က တရား၀င်သိမ်းပိုက်ခြင်းခံခဲ့ရပါတယ်။ ၁၉၆ဝ ခုနှစ်မှာ လွတ်လပ်ရေး ရရှိခဲ့ပေမယ့် နိုင်ငံရေး ဆူပူအုံကြွမှုများ၊ သွေးထွက်သံယို အဓိကရုန်းများအပြင် အကျင့် ပျက်ခြစားမှုများကလည်း နိုင်ငံမှာ အမြစ်တွယ်နေခဲ့ပါတယ်။  


ဂါဘွန်းမှာ စစ်သား ၄ဝဝ ခန့် ချထားပြီး ဘွန်ဂို မိသားစုနဲ့စီးပွားရေး လုပ်ဖော်ကိုင်ဘက် #ကိုလိုနီအရှင်သခင် ဟောင်း #ပြင်သစ်ကတော့ အတည်ဖြစ်ပြီးတဲ့ ရွေးကောက်ပွဲ ရလဒ်အတိုင်းသာ အသိအမှတ်ပြုမှာဖြစ်ကြောင်း၊ အာဏာသိမ်း မှုကိုရှုတ်ချလိုက်ပြီး ဂါဘွန်းရဲ့အခြေအနေအရပ်ရပ်ကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ပြင်သစ်ဟာ ဂါဘွန်နဲ့ စီးပွားရေး၊ သံတမန်ရေးနဲ့ စစ်ရေးအရ အနီးကပ်ဆုံး ဥရောပနိုင်ငံဖြစ်ပါတယ်။

လွန်ခဲ့တဲ့လ အာဖရိက အနောက်ပိုင်း နိုင်ဂျာနိုင်ငံမှာ အာဏာသိမ်းမှုနဲအတူ သူ့ရဲ့အရေးကြီးဆုံး အာဖရိက အမာခံ နိုင်ငံ မရေမရာဖြစ်သွားပြီးကာစ #အမေရိကန်ကတော့ ဂါဘွန်အာဏာသိမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်မိ ကြောင်း၊ အနီးကပ်စောင့်ကြည့်နေပြီး အာဖရိကပြည်သူတွေ ထုတ်ဖော်ပြောဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေကို ပံ့ပိုး ပေးဖို့အတွက် တတ်နိုင်သမျှ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

#ဥရောပသမဂ္ဂကလည်း ဂါဘွန်သတင်းတွေသာ မှန်ကန်လျှင် ဒေသတွင်း မတည်မငြိမ်ဖြစ်မှုကို တိုးမြင့်လာစေမယ့် နောက်ထပ်စစ်အာဏာသိမ်းယူမှုဖြစ်ကြောင်း၊ ယခုသီတင်းပတ်အတွင်း အီးယူ၀န်ကြီးအဆင့် ဆွေးနွေးဖို့ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ 

ဂါဘွန်းအာဏာသိမ်းမှုကို အဖွဲ့၀င် ၅၅ နိုင်ငံပါ #အာဖရိကသမဂ္ဂကော်မရှင် အကြီးအကဲက ရှုတ်ချလိုက်ပြီး ဂါဘွန် စစ်တပ်အနေနဲ့ ဒီမိုကရေစီအခြေခံဥပဒေဆိုင်ရာအစီအစဉ်အတိုင်း ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ဖို့ သမ္မတ အလီဘွန်ဂိုနဲ့ သူ့မိသားစုတို့ရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို အာမခံချက်ပေးဖို့ တောင်းဆိုပါတယ်။

အာဖရိကမှာ စီးပွားရေးခြေလှမ်း သွက်နေတဲ့ #တရုတ်ကတော့ ဂါဘွန်းရဲ့အခြေအနေအရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပုံမှန်အတိုင်း အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ဖို့၊ သမ္မတဘွန်ဂိုရဲ့ ပုဂ္ဂလိက လုံခြုံဘေးကင်းမှုအတွက်လည်း အာမခံဖို့နဲ့ အမျိုးသားငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဘက်စုံဖွံ့ဖြိုးမှုကို ထိန်းသိမ်းဖို့  တောင်းဆိုပါတယ်။

တကယ်တော့ ဂါဘွန်းဟာ ဧရိယာ အကျယ်အ၀န်းအားဖြင့် မြန်မာထက် ၂ ဆကျော် ငယ်ရွယ်ပြီး ရဲတပ်ဖွဲ့အင်အား ၅ဝဝဝ၊ ကြည်း၊ ရေ၊ လေ အင်အား ၅ဝဝဝ၊ သမ္မတလုံခြုံရေး ၁၈ဝဝ ခန့်သာရှိပါတယ်။ အနောက်အာဖရိက အနီးဆုံး နဲ့ အာဖရိကရဲ့ စတုတ္ထမြောက် စစ်အင်အားအကြီးဆုံး #နိုင်ဂျီးရီးယားနိုင်ငံကတော့ ဂါဘွန်နိုင်ငံရဲ့ လူမှုရေး -နိုင်ငံရေး တည်ငြိမ်မှုအတွက် နက်နက်ရှိုင်းရှိုင်းစိုးရိမ်ပူပန်ကြောင်း၊  ဖြစ်ပေါ်တိုးတက်မှုများကို အသေးစိတ် အနီးကပ် စောင့်ကြည့်နေပြီး ကျွန်ုပ်တို့ချစ်လှစွာသော အာဖရိကတိုက်ကြီးရဲ့မတူညီတဲ့ဒေသများမှာ သက်ဦးဆံ ပိုင်ရောဂါ ကူးစက်ပျံ့နှံ့နေပုံရတယ်လို့ ပြောပါတယ်။

နိုင်ဂျီးရီးယားကိုယ်တိုင် သူ့ပြည်တွင်းမှာ ဘိုကိုဟာရမ်အစွန်းရောက်အကြမ်းဖက်များနဲ့ လုံးခြာလိုက်နေပြီး မကြာသေးခင်က ကပ်ရက်အိမ်နီးချင်း နိုင်ဂျာအာဏာသိမ်းမှုကလည်း သူ့အတွက် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်နေပါတယ်။

(အာဖရိကတိုက်ကြီးက လူဖြူဥရောပတိုက်သားတို့က လူကိုလူချင်း ကိုလိုနီပြုရာမှာ ပြင်သစ်-အီတလီ-ဒတ်ခ်ျ-ေ ပေါ်တူဂီ-ဂျာမန်တို့နဲ့အတူ ဗြိတိန်လည်း ပါ၀င်ခဲ့ပါတယ်။ လွတ်လပ်ရေးရရှိပေမယ့် #ဗြိတိသျှဓနသဟာယအဖွဲ့ဝင် ဖြစ်နေသူ အာဖရိကနိုင်ငံပေါင်း ၁၉ နိုင်ငံရှိနေပါတယ်။ အတိတ်ကာလ ပြင်သစ်မတိုင်မီ ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့ဖူးတဲ့) ဂါဘွန်းမှာ စစ်အရာရှိကြီးများရဲ့ပုန်ကန်မှုဟာ တရားမ၀င် အာဏာရယူမှုဖြစ်ကြောင်း ဗြိတိသျှ ဓနသဟာယ နိုင်ငံများအဖွဲ့ကြီးက ရှုတ်ချပါတယ်။

မျက်မှောက်ခေတ် ဥရောပသမဂ္ဂရဲ့ဆာဟဲဒေသငြိမ်းချမ်းမှုထိန်းသိမ်းရေး မစ်ရှင်များမှာ လေ့ကျင့်ရေးတာ၀န်ယူနေ ရပြီး မာလီနိုင်ငံမှာ စစ်သား ၁၄ဝ ခန့်တပ်စွဲထားတဲ့ #စပိန်နိုင်ငံကတော့ ဂါဘွန်းဖြစ်စဉ်များကို စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့ မှတ်ချက်ပေးပါတယ်။

ကြည်း၊ ရေ၊ လေ စစ်အင်အား ၅-သိန်းနဲ့ ခေတ်မီစစ်ယန္တရားများ ပိုင်ဆိုင်ထားက #အီဂျစ်ဖြစ်ပြီး အာဖရိကမှာ စစ် အင်အား အကြီးမားဆုံးနဲ့ နိုင်ငံတကာမှာ အဆင့် ၁၂ ရှိနေပါတယ်။ ဂါဘွန်နိုင်ငံ ဖြစ်ပေါ်တိုးတက်မှုတွေကို အ နီးကပ် စောင့်ကြည့်နေတယ်လို့ အီဂျစ်က ပြောပါတယ်။ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဒေသတွင်း နိုင်ငံအားလုံး ရဲ့ အမျိုးသားအကျိုးစီးပွားကို လက်ကိုင်ထားဖို့ တောင်းဆိုကြောင်း၊ ဂါဘွန်နိုင်ငံသို့ အမြန်ဆုံးပြန်လည် တည်ငြိမ် အေးချမ်းရေးကို မြင်တွေ့လိုပြီး ညီရင်းအစ်ကိုတော် ဂါဘွန်လူမျိုးများရဲ့လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် ဆန္ဒရှိတယ်လို့ ပြောပါတယ်။

အခုလို #အာဖရိကတိုက်_အာဏာသိမ်းမှုများ_ဆက်တိုက်ဖြစ်ရခြင်းရဲနောက်ကွယ်မှာ #အရပ်သား #အစိုးရတို့ရဲ့ #အကျင့်ပျက်_ခြစားမှု၊ #ဆွေမျိုးကောင်းစားရေးဝါဒထွန်းကားခြင်းအပြင် #အာဖရိတိုက်နိုင်ငံများရဲ့ #တရား ဥပဒေဟာ #ဘာသာရေး_တယူသန်ခြင်း #လူမျိုးစု_ခွဲခြားဆက်ဆံ ခြင်းများနဲ လစ်ဟာနေခြင်းတို့ကြောင့်ဖြစ်တယ် လို့ Legit.com ( 3 August 2023) ဆိုပါတယ်။


#ဂါဘွန်းအာဏာသိမ်းယူမှုနှင့်နိုင်ငံတကာ #အာဖရိကနိုင်ငံများ #၀က်ဂ်နာ


(Al Jazeera., 30 August 2023,“ World reaction to the military coup in Gabon” နှင့် အခြားဆက်စပ် သတင်းများကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ငြိမ်းချမ်းရေးအဖွဲ့၌ နစကအဖွဲ့ဝင်များ တိုးမြင့်ပါဝင်လာခြင်းမှာ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးမူအပေါ် အလေးနက်ထားခြင်းဟု ရှုမြင်ကြောင်း EAO (၅)ဖွဲ့ပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved