Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ငြိမ်းချမ်းရေးအဖွဲ့၌ နစကအဖွဲ့ဝင်များ တိုးမြင့်ပါဝင်လာခြင်းမှာ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးမူအပေါ် အလေးနက်ထားခြင်းဟု ရှုမြင်ကြောင်း EAO (၅)ဖွဲ့ပြော

မျိုးကြီး (NSS) - စက်တင်ဘာ ၁

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၌ နစကအဖွဲ့ဝင်များ တိုးမြင့်ပါဝင်လာခြင်းမှာ ဆွေးနွေးညှိနှိုင်းရေးမူအပေါ် အလေးနက်ထားခြင်းဟု ရှုမြင်ကြောင်း EAO (၅)ဖွဲ့က ဆိုသည်။

NCA ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၅)ဖွဲ့ဖြစ်သည့် ALP၊ PNLO၊ LDU၊ KNU/KNLA-PC နှင့် DKBA တို့သည် ယမန်နေ့က အထက်ပါကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ EAO (၅)နှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲတို့သည် ယခုရက်ပိုင်းအတွင်း နေပြည်တော်၌ (၃)ရက်ကြာ တွေ့ဆုံခဲ့ပြီးနောက် အထက်ပါကဲ့သို့ထုတ်ပြန်ခဲ့ခြင်း လည်းဖြစ်သည်။

“ကျွန်မတို့ကတော့ အပြုဘက်က ကြည့်ပြီးတော့ ကြိုဆိုတယ်။ အခုဆိုလို့ရှိရင် နိုင်ငံတော်ကောင်စီဝင် (၃)ဦးကတော့ NSPNC မှာ ပါပြီးဖြစ်တဲ့အတွက်ကြောင့် မူလထက် ဆွေးနွေးမှုအရှိန်အဟုန်မြင့်နိုင်တယ်လို့ စဉ်းစားတာ ရှိပါတယ်။ အရင်က ဆိုလို့ရှိရင်တော့ နိုင်ငံတော်ကောင်စီဝင် (၂)ဦး ပါတာပေါ့။ NSPNC မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပါတယ်။ ပြီးရင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ပါတယ်။ အခုဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ကောင်စီဝင်တွေထဲမှာဆိုရင် အရေးပါတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ အဲဒီပုဂ္ဂိုလ်ကလည်း ဒီဘက်မှာ ပါဝင်လာတယ်ဆိုတော့ ကောင်းစွာ ကြိုဆိုပါတယ်။ အရင်ထက်လည်း နှီးနှောတိုင်ပင်မှု ပိုပြီးတော့ များသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ၎င်း EAO (၅)ဖွဲ့ ၏ ပြောခွင့်ရ၊ ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက NP News ကို ပြောသည်။

မကြာမီအချိန်က ပြင်ဆင်တိုးချဲ့ဖွဲ့စည်းခဲ့သော နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွင် ဥက္ကဋ္ဌ (၂)ဦး အပါအဝင် နိုင်ငံတော်ကောင်စီဝင်များ တိုးမြင့်ပါဝင်လာခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဘက်က ဆွေးနွေးညှိနှိုင်းအဖြေရှာရေးမူအပေါ် ပိုမိုအလေးနက်ထားလာသည်ဟု ရှုမြင်ကြောင်း EAO (၅)ဖွဲ့က ထုတ်ပြန် အသိပေးထားသည်။


ပြည်ထဲရေးဝန်ကြီး တာဝန်မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်၏ ငြိမ်းချမ်းရေးကိုကြည့်ပါက EAO များ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး နောက်ထပ် EAO အဖွဲ့များ ငြိမ်းရေးဆွေးနွေးပွဲများ၌ ထပ်မံပါဝင်လာရေး ကြိုးပမ်းသွားရမည်ဟု ဒေါ်စောမြရာဇာလင်းက ထပ်မံပြောသည်။

“အများကြီး ကြိုးစားဖို့လိုပါသေးတယ်။ EAO (၅)ဖွဲ့ ဆိုတာထက် EAO များရဲ့ အခန်းကဏ္ဍက အရှေ့ကိုရောက်လာဖို့ အရေးကြီးတယ်။ EAO တွေနဲ့ အရင်ဆုံးငြိမ်းချမ်းမှပဲ ငြိမ်းချမ်းလာမှာဖြစ်တယ်။ တိုင်းပြည်ငြိမ်းချမ်းရေးကို ကြည့် မယ်ဆိုရင် EAO တွေရဲ့အခန်းအကဏ္ဍကအရေးကြီးတဲ့အတွက်ကြောင့် (၅)ဖွဲ့မှသည် EAO များ ပါဝင်လာရေးကို ကြိုးပမ်းသွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


လက်ရှိတွင် မြန်မာနိုင်ငံအတွင်း နစကအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် (၁ဝ)တို့အကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများရှိသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ငြိမ်းချမ်းရေးမဆွေးနွေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တပ်မတော်တို့ကြားတွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

၄ လနှင့်အထက် မီတာမဆောင်သည့် မီတာပုံးများကို လိုက်လံဖြုတ်သိမ်းတော့မည်

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved