ထောင်ဒဏ်မကျခံရအောင် ထိုင်းဘုရင်ထံကနေ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားဝင်လျှောက်ထား
ဂျန်ဇက် (NSS) - စက်တင်ဘာ ၁
ထောင်ဒဏ် ၈ နှစ် ပြစ်ဒဏ်ကျခံရမယ့် ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ ထိုင်းဘုရင်ထံကနေ လွတ်ငြိမ်း ချမ်းသာခွင့်ရယူဖို့ တရားဝင်လျှောက်ထားလိုက်ကြောင်း သိရပါတယ်။
သက်ဆင်ဟာ သြဂုတ် ၂၂ ရက်နေ့က ထိုင်းနိုင်ငံကို ပြန်လာခဲ့ပြီးနောက် အကျဉ်းထောင်ကို တန်းအပို့ခံရကာ အကျဉ်းထောင်မှာ နေထိုင်တဲ့ ၂၄နာရီမပြည့်ခင် နှလုံးရောဂါပြန်ထလာတဲ့အတွက် ဘန်ကောက်မြို့ရှိ ရဲဆေးရုံကို အရေးပေါ်တင်ခဲ့ရကြောင်း သိရပါတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်တစ်ဦးဖြစ်တဲ့ Wissanu Krea-ngam က ၎င်းအနေနဲ့ ပြည်ပြေးအဖြစ် နေထိုင်ခဲ့ဖူးတဲ့ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် လျှောက်ထားလွှာကို လက်ခံရရှိထားပြီး ဝန်ကြီးချုပ်ထံ ထပ်မံမတင်ပြခင် အသေးစိတ်စစ်ဆေးနေကြောင်း ပြောပါတယ်။
ထိုင်းနိုင်ငံရဲ့ဥပဒေ လုပ်ထုံးလုပ်နည်းများအရသက်ဆင်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားလွှာကို ထိုင်းဘုရင်ထံ အပြီးသတ်တင်ပြရမှာဖြစ်ကြောင်း သိရပါတယ်။သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံအတွင်း အငြင်းပွားမှုတွေရှိနေပြီး ထိုင်း Pakdee ပါတီက သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်မပေးဖို့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာ ထိုင်းအကျဉ်းဦးစီးဌာနထံ တင်ပြခဲ့ဖူးကြောင်း သိရပါတယ်။
Pakdee ပါတီခေါင်းဆောင်ဖြစ်သူ Anand Sakorncharoen က " သက်ဆင်ဟာ ထောင်ဒဏ်ကျခံရမယ့် ပြစ်ဒဏ်ကို ရှောင်လွှဲနိုင်ဖို့ ပြည်ပကိုထွက်ပြေးခဲ့တယ်။ပြည်ပမှ နှစ်ပေါင်းများစွာကြာနေထိုင်ခဲ့တယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံ ရဲ့တရားရေးစနစ်အပေါ် လေးစားမှု မရှိဘူးဆိုတဲ့အချက်ပေါ်လွင်နေတယ်။ ဒါကြောင့် သက်ဆင်ရဲ့လွတ်ငြိမ်း ချမ်းသာခွင့် တောင်းဆိုမှုတွေက ဘုရင်မင်းမြတ်ကို စိတ်ဆိုးစေမယ်လို့ထင်ပါတယ်" လို့ ပြောပါတယ်။
သက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့မယ်ဆိုရင် နိုင်ငံအတွင်း တရားဥပဒေအရ မညီမျှမှုတွေဖြစ်လာနိုင် ကြောင်း၊ Pakdee ပါတီခေါင်းဆောင်ဖြစ်သူက ပြောပါတယ်။ သက်ဆင်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန် အတွင်း အာဏာအလွှဲသုံးစားမှုတွေ၊ အကျင့်ပျက်လာဘ်စားမှုတွေရှိခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၈ နှစ်ပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခံထားရသူဖြစ်ပါတယ်။ သက်ဆင်ဟာ ၂ဝဝ၆ ခုနှစ်မှာ ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်အတွင်း ထိုင်းစစ်တပ်ရဲ့အာဏာသိမ်းယူခြင်းကိုခံရတဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုင်းကျန်းမာရေးရုံးအတွင်းသို့ အကြမ်းဖက်(၂)ဦးက ဗုံးဖြင့် ဝင်ရောက်ပစ်ပေါက်တိုက်ခိုက်မှုကြောင့် နိုင်ငံ့ဝန်ထမ်း (၅)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ