နစက၏ UEC က တီထွင်ထားသော မဲပေးစက်များနှင့်ပတ်သက်၍ လူဦးရေ (၆ဝဝဝ)နီးပါး စမ်းသပ်မဲပေးခြင်း ပြုလုပ်ခဲ့ပြီးဖြစ်
မျိုးကြီး (NSS) - စက်တင်ဘာ ၁
နစက၏ UEC က တီထွင်ထားသော မဲပေးစက်များနှင့်ပတ်သက်၍ လူဦးရေ (၆ဝဝဝ)နီးပါး စမ်းသပ်မဲပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်ပတ်သက်၍ ဝန်ကြီးဌာနများသို့လိုက်လံကာ တာဝန်ရှိသူများ၊ ဝန်ထမ်းများအား လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။
၎င်းမဲပေးစက်နှင့်ပတ်သက်၍ ယမန်နေ့(သြဂုတ် ၃၁ ရက်)အထိ ဝန်ကြီးဌာန (၂၈)ခုမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်း စုစုပေါင်း (၅၇၆၆)ဦးသည် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာအီလက်ထရွန်နစ်မဲပေးစက်(MEVM) သည် လုံခြုံရေးစနစ် စိတ်ချယုံကြည်ရပြီး Internet ၊ Wireless စနစ် မဟုတ်သည့်အတွက် နည်းပညာဆိုင်ရာ ကြားဝင်နှောင့်ယှက်ဟန့်တားခြင်းများကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း UEC ဘက်က အသိပေးထားသည်။
ထို့ပြင် မဲပေးရာတွင်လည်း မဲဆန္ဒရှင်များအနေဖြင့် ခလုတ်တစ်ချက်နှိပ်၍ ဆန္ဒပြုရခြင်းဖြစ်ပြီး ရှင်းလင်းလွယ်ကူစွာ ဆန္ဒမဲပေးနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ဆိုသည်။
လာမည့် စက်တင်ဘာ (၅)ရက်တွင်လည်း ရန်ကုန်တိုင်း၊ အစိုးရအဖွဲ့ရုံး၌ UEC အနေဖြင့် မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးဖြစ်သော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံကာ မဲပေးစက်နှင့်ပတ်သက်၍ သရုပ်ပြရှင်းလင်းသွားရန်ရှိကြောင်း သိရသည်။
နစကမှ ကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကို အသုံးပြုသွားဖွယ်ရှိပြီး ရွေးကောက်ပွဲတွင်လည်း အချိုးကျကိုယ်စားပြုစနစ်(PR) ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထောင်ဒဏ်မကျခံရအောင် ထိုင်းဘုရင်ထံကနေ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တရားဝင်လျှောက်ထား
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ