အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင် ကိုယ်တိုင် တက်ရောက်ဖွယ်မရှိ
ဂျန်ဇက် (NSS) - ဩဂုတ် ၃၁
ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်ဟာ လာမယ့်သီတင်းပတ်အတွင်း ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်အထိ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံများရဲ့ခေါင်းဆောင်တွေ တက်ရောက် ခွင့်ရမှာဖြစ်ပေမယ့် ဆာရက်သာတာဗီဆင်က အစည်းအဝေးကို တက်ရောက်မှာ မဟုတ်ကြောင်း သိရပါတယ်။
ထိုင်းအိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာကလည်း သြဂုတ် ၃၁ ရက်မှာ ထိုင်းဝန်ကြီးချုပ်ရုံးကို ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးတက်ရောက်ခဲ့ကြောင်း သိရပါတယ်။
ဆာရက်သာတာဗီဆင်ဟာ ထိုင်းအစိုးရအဖွဲ့အသစ်မှာ ပါဝင်မယ့် ဝန်ကြီးများခန့်အပ်နိုင်ရေးအတွက် ညွန့်ပေါင်း အဖွဲ့မှာ ပါဝင်နေတဲ့ ပါတီတွေနဲ့ ဆွေးနွေးနေရာ အလုပ်ရှုပ်နေကြောင်း သိရပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ၎င်းအနေနဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုရခြင်းမရှိသေးတဲ့အတွက် အာဆီယံထိပ်သီးအစည်းအဝေးကို မတက်ရောက်ရခြင်းဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ကိုလည်း တစ်စုံတရာ မှတ်ချက်မပေးလိုသေးကြောင်း ပြောပါတယ်။
ထိုင်အိမ်စောင့်အစိုးရအဖွဲ့ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ သြဂုတ် ၃၁ ရက်မှာ ထိုင်းအစိုးရ ဝန်ထမ်းတွေ၊ ဝန်ကြီးများအပြင် သူ့ကိုအားပေးထောက်ခံသူတွေကို နှုတ်ဆက်ကာ ဝန်ကြီးချုပ်ရာထူးက အပြီးသတ် နှုတ်ထွက်တော့မှာဖြစ်ပါတယ်။ သြဂုတ် ၃၁ ရက်နေ့ဟာ ထိုင်းဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာရဲ့ဝန်ကြီးချုပ်အဖြစ် ၉ နှစ်ကြာ တာဝန်ယူမှုအဆုံးသတ်သွားတဲ့နေ့လည်းဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်စပ်အစည်းအဝေးတွေကို အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံရဲ့ခေါင်းဆောင်များအပြင် နိုင်ငံတကာအဖွဲ့အစည်း ၉ ခုရဲ့တာဝန်ရှိသူများ တက်ရောက်ဖွယ်ရှိနေပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကျပ်ဘီလျံ(၁၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် ကျည်ဆံနှစ်သောင်းတို့ကို ဖမ်းဆီးရမိမှုနှင့်အတူ ကျူးလွန်သူများ၏ ပိုင်ဆိုင်မှုများကို ငွေကြေးခဝါချမှုဖြင့် အရေးယူမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း