ဂါဘွန်နိုင်ငံတွင် ရွေးကောက်ပွဲရလဒ်များထွက်ပေါ်ပြီးနောက် စစ်အာဏာသိမ်းမှုဖြစ်ပွား
Pika (NSS) - ဩဂုတ် ၃ဝ
ဂါဘွန်နိုင်ငံတွင် သမ္မတအလီဘွန်ဂိုက တတိယမြောက်သက်တမ်းကို အနိုင်ရရှိကြောင်း နိုင်ငံရွေးကောက် ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဂါဘွန်စစ်ခေါင်းဆောင်များက အာဏာသိမ်းယူလိုက်ကြောင်းသိရသည်။
ဂါဘွန်စစ်ခေါင်းဆောင်များသည် အာဏာသိမ်းယူလိုက်ကြောင်း ဩဂုတ်လ(၃၀)ရက် အစောပိုင်းတွင် နိုင်ငံပိုင်ရုပ်သံလိုင်းမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ဂါဘွန်စစ်တပ်အကြီးတန်းအရာရှိများက ၎င်းတို့သည် ဂါဘွန်နိုင်ငံ၏ လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့များအားလုံးကို ကိုယ်စားပြုကြောင်း နိုင်ငံပိုင်ရုပ်သံလိုင်းတွင် ပြောကြားခဲ့သည်။ ရွေးကောက်ပွဲရလဒ်များအားလုံးကို ဖျက်သိမ်းမည်ဖြစ်သလို အင်စတီကျူးရှင်းအားလုံးကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်များက ပြောဆိုထားသည်။
အာဏာသိမ်းပြီးနောက်မကြာမီ နယ်စပ်များအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ဂါဘွန်အာဏာသိမ်းစစ်ခေါင်းဆောင်များက သတင်းထုတ်ပြန်ထားသည်။ အာဏာသိမ်းကြောင်း ထုတ်ပြန်ကြေညာပြီးနောက် ဂါဘွန်နိုင်ငံမြို့တော် Libreville တွင် သေနတ်သံများကို ကျယ်လောင်စွာကြားနေရကြောင်း ရိုက်တာသတင်းထောက်ကပြောကြားခဲ့သည်။ အဆိုပါအာဏာသိမ်းမှုနှင့်ပတ်သက်ပြီး ဂါဘွန်အစိုးရက မှတ်ချက်ပေးပြောဆိုခြင်းမျိုး မရှိသေးကြောင်းလည်းသိရသည်။
ဂါဘွန်စစ်ခေါင်းဆောင်များက "ဂါဘွန်ရဲ့ လက်ရှိအစိုးရကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။"ဟုပြောဆိုခဲ့သည်။
အာဏာသိမ်းခံရသော ဂါဘွန်သမ္မတအလီဘွန်ဂို၏ မိသားစုသည် (၁၉၆၇)ခုနှစ်မှ (၂၀၀၉)ခုနှစ်အထိ အာဏာရယူခဲ့သော သမ္မတအိုမာဘွန်ဂို၏သားဖြစ်ပြီး ဖင်ဖြစ်သူသေဆုံးပြီးနောက် ၎င်းသည် ဂါဘွန်သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိကာ သမ္မတအဖြစ် သုံးကြိမ်ဆက်တိုက် တာဝန်ယူခဲ့သူဖြစ်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်ပတ်သက်၍ ရန်ကုန်အခြေစိုက် နိုင်ငံရေးပါတီများကို UEC က မကြာခင် လက်တွေ့သရုပ်ပြရှင်းလင်းမည်
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း