ဂျာမနီသို့စေလွှတ်ခဲ့သော ယူကရိန်းတပ်သားများထဲတွင် အသက်(၇၁)နှစ်အရွယ်အမျိုးသားတစ်ဦးပါဝင်ကြောင်း FT ဖော်ပြ
Pika (NSS) - ဩဂုတ် ၂၉
အနောက်အုပ်စုနိုင်ငံထုတ်လက်နက်များ အသုံးပြုမှုကို လေ့ကျင့်ရန်အတွက် ယူကရိန်းနိုင်ငံမှ ဂျာမနီသို့စေလွှတ်လိုက်သော တပ်သားသစ်များထဲမှ တစ်ဦးသည် အသက်(၇၁)နှစ်အရွယ်ရှိကြောင်း Financial Times သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါအမျိုးသားသည် ယူကရိန်းစစ်တပ်တွင် ၎င်း၏ စိတ်ဆန္ဒအလျောက်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း Financial Times ကဖော်ပြခဲ့သည်။ ဂျာမနီနိုင်ငံ အရှေ့မြောက်ပိုင်း Klietz မြူနီစီပယ်အနီးရှိ စစ်အခြေ စိုက်စခန်းတွင် အလုပ်လုပ်နေသော နေတိုးအဖွဲ့၏ လေ့ကျင့်ရေးမှူးများသည် ယူကရိန်းတပ်သား သစ်များ၏ တက်ကြွမှုကြောင့် အံ့ဩမိကြောင်းပြောဆိုခဲ့သည်။ ထို့ပြင် အနောက်နိုင်ငံထုတ်လက်နက်မျာားအသုံးပြုမှုကို လေ့ကျင်ရန်အတွက်ရောက်ရှိလာသော ယူကရိန်းတပ်သားသစ်များ၏ အသက်အရွယ်နှင့်စွမ်းရည်မှာ အမျိုးမျိုးကွဲပြားကြကြောင်း ၎င်းတို့ကပြောကြားခဲ့သည်။
ရှေ့တန်းစစ်မြေမျက်နှာပြင်တွင်ရှိသော ယူကရိန်းတပ်မှူးများသည် ၎င်းတို့၏အကောင်းဆုံးစစ်သားများကို လေ့ကျင့်မှုများလုပ်ဆောင်ရန်အတွက် စေလွှတ်ရမည့်အစား ရှေ့တန်းကတုတ်ကျင်းများတွင်သာ ထားရှိရန် ဆုံးဖြတ်ထားကြကြောင်း လေ့ကျင့်ရေးမှူးများက ဝေဖန်ပြောဆိုခဲ့သည်။ ထို့ပြင် အနောက် အုပ်စုနိုင်ငံများက လုပ်ဆောင်ပေးသော စစ်ရေးလေ့ကျင့်မှုသည် ယူကရိန်း၏မျှော်လင့်ချက်များ ဖြစ်လာစေနိုင်ရန်အတွက် မလုံလောက်ကြောင်း Royal United Services Institute (RUSI)မှ စစ်မြေပြင်ဆိုင်ရာ သုတေသီ Nick Reynolds က ပြောကြားခဲ့သည်။
ယူကရိန်းသည် ၎င်း၏တပ်ဖွဲ့ဝင်များကို တင့်ကားများ၊ သံချပ်ကာယာဉ်များ၊ အမြောက်ကျည်များ၊ ဒရုန်းများဖြင့် လေ့ကျင့်မှုများ လုပ်ဆောင်စေလိုသော်လည်း အဆိုပါလေ့ကျင့်မှုများသည် ပါဝင်သောစစ်မှုထမ်းများအတွက် အန္တရာယ်များရှိနိုင်ကြောင်း Nick Reynolds ကမှတ်ချက်ပြုပြောဆိုခဲ့သည်။ ဥရောပနိုင်ငံများတွင် လေ့ကျင့်မှုနှင့်ပတ်သက်သည့် မတော်တဆမှုများကို စိတ်ဆိုးဒေါသဖြစ်မှုများရှိသောကြောင့် ယူကရိန်းကဖြစ်စေလိုသော လေ့ကျင့်မှုများနှင့်ကိုက်ညီမှုမရှိကြောင်း ၎င်းကပြောဆိုခဲ့သည်။
ဂျာမနီလေ့ကျင့်ရေးမှူးတစ်ဦးက"ကျွန်တော်နဲ့အသက်ကြီးတဲ့ ယူကရိန်းတပ်မှူးတွေကြားမှာ တင်းမာမှုအချို့ရှိခဲ့ပါတယ်။ သူတို့တွေဟာ ဆိုဗီယက်ခေတ်တုန်းက စစ်ရေးအသိပညာတွေရခဲ့တာဖြစ်ပြီး သူတို့တွေက ပိုသိတယ်လို့ထင်နေကြတာပါ။"ဟုပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂျိုးဘိုင်ဒန်သမ္မတအဖြစ် ထပ်မံတာဝန်ယူမည်ကို အမေရိကန်နိုင်ငံသားအများစု လိုလားမှုမရှိဟု စစ်တမ်းတစ်ရပ် ဖော်ပြ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ