ဂျိုးဘိုင်ဒန်သမ္မတအဖြစ် ထပ်မံတာဝန်ယူမည်ကို အမေရိကန်နိုင်ငံသားအများစု လိုလားမှုမရှိဟု စစ်တမ်းတစ်ရပ် ဖော်ပြ
Pika (NSS) - သြဂုတ် ၂၉
အမေရိကန်နိုင်ငံသားများသည် ဂျိုးဘိုင်ဒန်ကို သမ္မတအဖြစ် ဒုတိယသက်တမ်းကို မယူစေလိုကြကြောင်း မကြာသေးမီကပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရ သိရသည်။
The Associated Press-NORC Center for Public Affairs Research study က ယခုလအတွင်း ပြုလုပ်ခဲ့သော စစ်တမ်းတွင် အမေရိကန်နိုင်ငံသားများ၏(၇၇)ရာခိုင်နှုန်းက လာမည့်နိုဝင်ဘာလတွင် အသက်(၈၁)နှစ်ပြည့်မည့် ဂျိုးဘိုင်ဒန်သည် လာမည့်နှစ်သမ္မတရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရမည်ဆိုပါက အရည်အချင်းပြည့်မှီသော သမ္မတဖြစ်ရန် အသက်ကြီးလွန်းနေပြီဟု ယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။
အဆိုပါအမြင်ကို ရီပတ်ဘလစ်ကန်ပါတီဝင် ဖြေဆိုသူ(၈၉)ရာခိုင်နှုန်း နှင့် ဒီမိုကရက်တစ်ပါတီဝင် ဖြေဆိုသူ (၆၉) ရာခိုင်နှုန်းတို့က ဖြေဆိုခဲ့ကြခြင်းဖြစ်ကြောင်း စစ်တမ်းအရ သိရသည်။ အမေရိကန်သမ္မတဟောင်း Ronald Reagan ၏ အိမ်ဖြူတော်ဝန်ထမ်းဟောင်းEric Dezenhall က "ဂျိုးဘိုင်ဒန်ဟာ အသက်အရွယ်နဲ့ ဆက်စပ်တဲ့အခြေအနေ တွေကြောင့် ဝေဖန်ခြင်းတွေကို ခံနေရပါတယ်။ သူ့ကိုသဘောကျတဲ့လူတွေကတောင် သူ့ကိုအားနည်းပြီး ပျော့ညံ့ တဲ့လူလို့ မြင်ကြပါတယ်" ဟု ပြောခဲ့သည်။
လေ့လာမှုစစ်တမ်းတစ်ခုအရ အမေရိကန်နိုင်ငံသား၏ ထက်ဝက်ခန့်သည် လာမည့်သမ္မတရွေးကောက်ပွဲတွင် ပြန်လည်အရွေးခံမည့် သမ္မတဟောင်းဒေါ်နယ်ထရမ့်၏ အသက်ကိုလည်း အပျက်သဘောဆောင်သည့်အချက် တစ်ခုအဖြစ် ရှုမြင်ထားကြကြောင်း သိရသည်။
အမေရိကန်မဲဆန္ဒရှင်များသည် ငယ်ရွယ်သော မျိုးဆက်သစ်လွှတ်တော်အမတ်များကို လိုချင်နေကြပြီး မဲဆန္ဒရှင် များ၏ သုံးပုံနှစ်ပုံခန့်သည် လွှတ်တော်အမတ်များ နှင့် သမ္မတရာထူးအတွက် အသက် ကန့်သတ်ချက်ထားပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါစစ်တမ််းကို ဖြေဆိုသူ(၆၇)ရာခိုင်နှုန်းသည် တရားရုံးချုပ် တရားသူကြီးများအတွက် အငြိမ်းစားယူရမည့် အသက်ကိုလည်း ပြဌာန်းရန် ထောက်ခံခဲ့ကြကြောင်းသိရသည်။ အသက်(၂၈)နှစ်အရွယ် ဆက်သွယ်ရေးပညာရှင် နိုအာဘာဒန်က "သူတို့တွေ အားလုံးဟာ အသက်ကြီးလွန်းပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စားအုန်းဆီ တန်ချိန်(၃၆၀)ကျော်ကို နေ့စဉ် စတင်ရောင်းချပေးနေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ