ယူကရိန်းကို "အစ္စရေး model” ပုံစံမျိုးလုပ်မယ့်အစီအစဉ်ကို အားပေးထောက်ခံကြောင်း သမ္မတဇီလန်စကီး ပြော
ဂျန်ဇက် (NSS) - ဩဂုတ် ၂၉
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်နိုင်ငံအနေနဲ့ ယူကရိန်းကို အစ္စရေးပုံစံမျိုးအတိုင်း လုပ်ဆောင်သွားမယ့်အစီအစဉ်ကို အားပေးထောက်ခံကြောင်း၊ အမေရိကန်နိုင်ငံထံကနေ လုံခြုံရေးနဲ့ပတ်သက်ပြီး အာမခံချက်ရဖို့ မျှော်လင့်ထားကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရဟာ အစ္စရေးနိုင်ငံကို ကာလအတန်ကြာ စစ်ရေးအကူအညီများပေးခဲ့သလိုမျိုး ယူကရိန်းကိုလည်း ကာလအတန်ကြာစစ်ရေးအကူအညီများပေးဖွယ်ရှိနေကြောင်း သမ္မတဇီလန်စကီးက ပြောပါတယ်။
အမေရိကန်အစိုးရအဖွဲ့အတွင်း ခေါင်းဆောင်အပြောင်းအလဲဖြစ်လာမယ်ဆိုရင်လည်း ပေးထားတဲ့ကတိတွေကို သက်ရောက်ဖွယ်မရှိကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းသမ္မတက ယူကရိန်းအစိုးရဟာ အမေရိကန် နဲ့ မဟာမိတ်နိုင်ငံများထံကနေ လုံခြုံရေးအာမခံချက်ရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း၊ ပြောပါတယ်။
၎င်းက "ကျွန်တော်တို့ဟာ အစ္စရေး model ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်ဟာ အစ္စရေးနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လေ့ကျင့်သင်ကြားပေးမှုတွေ၊ ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်နေခဲ့တယ်" လို့ ပြောပါတယ်။
အစ္စရေးနိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်းကတည်းက အမေရိကန်အစိုးရထံကနေ စစ်ရေးအကူအညီအများဆုံး ရရှိတဲ့နိုင်ငံတွေထဲမှာ ပါဝင်နေကြောင်း သိရပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကတည်းက အမေရိကန်ဟာ ယူကရိန်းကို စစ်ရေးအကူအညီများ ကူညီထောက်ပံ့ပေးလျက်ရှိနေကြောင်း သိရပါတယ်။
အစ္စရေးနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့် အစ္စရေးနိုင်ငံ တိုက်ခိုက်ခံရမယ်ဆိုရင် အမေရိကန်အစိုးရက ကူညီထောက်ပံ့ပေးဖို့ ကတိတွေကိုအခိုင်မာ ရရှိထားတဲ့နိုင်ငံဖြစ်ပါတယ်။ အစ္စရေးနဲ့ပတ်သက်ပြီး အမေရိကန် ပေးထားတဲ့ကတိတွေဟာ သံမဏိလိုမျိုးခိုင်မာမှုတွေရှိနေကြောင်း သိရပါတယ်။
အမေရိကန်နိုင်ငံမှာ သမ္မတအပြောင်းအလဲတွေရှိခဲ့ပေမယ့် အစ္စရေးအပေါ်ပေးထားတဲ့ကတိတွေကတော့ ခိုင်မာမှု ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရအဖွဲ့မှာ သမ္မတအပြောင်းအလဲဖြစ်သွားပြီး နောက်ပိုင်းမှာ ကတိမတည်မှုတွေရှိခဲ့ဖူးပြီး ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ်တာဝန်ယူချိန်က အီရန် နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံများကြား ချုပ်ဆိုထားတဲ့ JCPOA နျူကလီးယားစာချုပ်ကနေ တစ်ဖက်သတ်နှုတ်ထွက်ခဲ့ဖူး ကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှားပါးမျိုးစိပ်အနေဖြင့် (၇၆)ကောင်သာရှိတော့သည့် ဧရာဝတီလင်းပိုင်များကို ရှော့တိုက်ဖမ်းဆီးနေမှုများမှကာကွယ်ပေးရန် လိုအပ်နေ
RELATED POSTS
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
19 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ