မောင်းပြန်သေနတ် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက် လာသည့် PDF (၁၀)ဦးကို နစကမှ ငွေကျပ်သိန်း(၂၅၀)ကျော် ထောက်ပံ့
ယွန်း (NSS) - သြဂုတ် ၂၈
M-416 မောင်းပြန်သေနတ် အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသည့် PDF (၁၀)ဦးအား နစကမှ ဆုကြေးငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
နစကမှ သြဂုတ်လ(၂၇)ရက်၊ ညပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
၎င်းတို့အား သြဂုတ်လ(၂၇)ရက်တွင် စစ်ကိုင်းတိုင်း တမူး၊ ကလေး၊ မုံရွာ၊ ခန္တီး၊ ဝက်လက်နှင့် မကွေးတိုင်း ပခုက္ကူမြို့နယ်တို့ရှိ တပ်နယ်ခန်းမများတွင် အသီးသီးလက်ခံခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ထိုသို့လက်ခံခဲ့ရာ အဆိုပါမြို့နယ်(၆)ခုမှ PDF အဖွဲ့ဝင် အမျိုးသား ကိုးဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း(၁၀)ဦးတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၎င်းတို့နှင့်အတူပါလာသည့် M-416 မောင်းပြန်သေနတ်တစ်လက်၊ M-16 ကျည်အိမ်တစ်ခု၊ ၅ ဒသမ ၅၆ ကျည် ၂၅ တောင့်နှင့် လက်ပစ်ဗုံးတစ်လုံးတို့အား အပ်နှံခဲ့ကြောင်း နစကမှ အသိပေးထားသည်။
ထိုသို့ ဝင်ရောက်ခဲ့ရာ M-416 မောင်းပြန်သေနတ်ဖြင့် အလင်းဝင်ရောက်လာသူတစ်ဦးအား ဆုကြေးငွေကျပ်သိန်း(၅၀)၊ လက်ပစ်ဗုံးတစ်လုံးဖြင့် အလင်းဝင်ရောက်လာသူ တစ်ဦးအား ဆုကြေးငွေကျပ် သုံးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများအား တစ်ဦးလျှင် ကျပ်သိန်း(၂၀)စီချီးမြှင့်ခဲ့ရာ စုစုပေါင်း ငွေကျပ်(၂၅၃)သိန်း ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့အား ဝန်ခံကတိလက်မှတ်ရေးထိုးကာ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် သြဂုတ်လ(၁)ရက်မှ (၂၇)ရက်အထိ PDF အဖွဲ့ဝင် (၅၈)ဦး ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး ၎င်းတို့အား နစကမှ ဆုငွေသိန်း (၉၃၀)ကျပ် ချီးမြှင့်ထားကြောင်း သိရသည်။
နစကအနေဖြင့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သြစတြေးလျမြောက်ပိုင်းမှာ စစ်လေယာဉ်ပျက်ကျမှုကြောင့် အမေရိကန်မရိန်းတပ်ဖွဲ့ဝင်(၃)ဦးသေဆုံး
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း