အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားပိုင်နက်အတွင်းကနေ ရေနံများခိုးယူနေတဲ့အပြင် အခြေခံအဆောက်အဦးများကိုပါ ဖျက်ဆီးနေ
ဂျန်ဇက် (NSS) - ဩဂုတ် ၂၇
ဆီးရီးယားမီးရထားအာဏာပိုင်အဖွဲ့က အမေရိကန်တပ်ဖွဲ့တွေဟာ ၎င်းတို့ထိန်းချုပ်ထားတဲ့ ဆီးရီးယားပိုင်နက်အတွင်းကနေ ရေနံနဲ့ သဘာဝအရင်းမြစ်တွေကို ခိုးယူနေသလို မီးရထားလမ်း အပါအဝင် အခြေခံအဆောက်အဦးများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဆီးရီးယားလက်နက်ကိုင်အဖွဲ့ (SDF) နဲ့ အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဟာဆာခါဒေသနဲ့ Deir al-Zour ဒေသတွေမှာ ကုန်ကားများ အပါအဝင် စက်များ၊ အခြေခံအဆောက်အဦးများကို သိမ်းပိုက်ဖို့ ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ အခြေခံအဆောက်အဦးများကို စနစ်တကျဖျက်ဆီးနေခြင်းဖြစ်ပြီး ယူဖရေးတီးမြစ်ကို ဖြတ်သန်းတဲ့တံတားတွေကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။ အမေရိကန်တပ်ဖွဲ့တွေဟာ စိုက်ပျိုးရေး ထုတ်ကုန်များ၊ ရေအရင်းမြစ်များကို ဖျက်ဆီးနေကြောင်း၊ အမေရိကန်တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေက ဆီးရီးယား ပြည်သူတွေကို စီးပွားရေးအရ ဖိအားဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြောပါတယ်။
အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားရေနံထုတ်လုပ်ရေးလုပ်ကွက်များက ထွက်ရှိတဲ့ ရေနံများကို နယ်စပ်ဒေသကိုဖြတ်သန်းပြီး ကားများနဲ့ အီရတ်နိုင်ငံထဲကို ပို့ဆောင်ခိုးယူနေကြောင်း၊ အီရတ်နိုင်ငံကတဆင့် အမေရိကန်နိုင်ငံကို ပြန်လည်သယ်ဆောင်နေကြောင်း အစောပိုင်းက သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံအတွင်းကနေ ရေနံများ ခိုးယူနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့လုပ်ရပ်တွေကို တရုတ်အစိုးရနဲ့ ရုရှားတို့ကလည်း မကြာသေးမီက ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
ဆီးရီးယားနိုင်ငံမှာ လက်နက်ကိုင်အဖွဲ့စုံရှိနေပြီး လက်နက်ကိုင်အဖွဲ့ (SDF) ဟာ အမေရိကန်အစိုးရရဲ့ ကူညီထောက်ပံ့ပေးမှုများ လက်ခံရရှိနေကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသားတစ်ဦး ချော်လဲရာမှ ဦးခေါင်းထိခိုက်မိပြီး သေဆုံးမှုဖြစ်ပွား
RELATED POSTS
19 Sep 2024 | နိုင်ငံရေး,ပြည်တွင်း